Connect with us

Hi, what are you looking for?

News

အာဏာသိမ်းချိန်ကစပြီး ပြည်တွင်းမှာနေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၅သိန်း ၆သောင်းကျော်ထိရှိလာ

ကုလသမဂ္ဂကသွားလာခွင့် စိန်ခေါ်မှုအကြပ်အတည်းတွေကြားထဲကနေ နေရပ်စွန့်ခွာလာရသူတွေကို အကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။

ကယားပြည်နယ်ကနေ ရှမ်းပြည်နယ်ကိုနေရပ်စွန့်ခွာတိမ်းရှောင်လာရသူမိသားစုတစ်စု၊ ဓာတ်ပုံ − UN Myanmar

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရသူဦးရေဟာ ၅သိန်း ၆ သောင်းကျော်ရှိလာပါပြီ။

ဒီစာရင်းဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကနေ ဒီနှစ် ဧပြီလ ၁၁ ရက်နေ့အထိဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး က အသိပေးထုတ်ပြန်လာတာပါ။

အိုးအိမ်စွန့်ခွာပြေးရတဲ့ဒေသတွေထဲမှာ ချင်းပြည်နယ် ၊စစ်ကိုင်တိုင်းနဲ့မကွေးတိုင်း က အများဆုံးဖြစ်တယ်လို့သိရပါတယ်။

အဲဒီ ဒေသတွေမှာတင် စွန့်ခွာရသူဦးရေဟာ ၃ သိန်းကျော်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂကသွားလာခွင့် စိန်ခေါ်မှုအကြပ်အတည်းတွေကြားထဲကနေ နေရပ်စွန့်ခွာလာရသူတွေကို အကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ကို ခုခံတွန်းလှန်မှုအမြင့်ဆုံးဖြစ်နေတဲ့ ချင်းပြည်နယ် ၊စစ်ကိုင်းနဲ့ မကွေး ကို စစ်ဆင်ရေးလုပ်နေတာလည်းဖြစ်ပါတယ်။

ဒီလို စစ်ဆင်ရေးမှာ ကျေးရွာတွေကိုမီးရှို့ပစ်တာ ၊ဒေသခံပြည်သူတွေကို သတ်ဖြတ်တာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။