Connect with us

Hi, what are you looking for?

News

ရွာငံတွင် အရပ်သား၆ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က PDF ဟုစွပ်စွဲပြီးဖမ်းဆီးသတ်ဖြတ်

တပ်ဖွဲ့(Ywangan People’s Defense Force)က ယနေ့( ဧပြီ ၂၂)ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော​ဒေသခံပြည်သူ ၆ဦး)

ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ အရပ်သား၆ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က PDF ဟုစွပ်စွဲပြီးဖမ်းဆီးသွားသတ်ဖြတ်လိုက်ကြောင်း ရွာငံPDFကယနေ့ သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော​ဒေသခံပြည်သူ ၆ဦး)

ရွာငံဒေသကို ထိုးစစ်ဆင်နေသည် စစ်ကောင်စီရန်ကို ကြောက်လန့်၍ ရွာအနီးဝန်းကျင်တွင် ပုန်းအောင်းနေသည့် ဒေသခံပြည်သူများကို သတ်ဖြတ်သွားခြင်းဟု ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Ywangan People’s Defense Force)က ယနေ့( ဧပြီ ၂၂)ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

ပဲရင်းတောင်ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ခိုအောင်းနေသော အပြစ်မဲ့ပြည်သူများကို PDFဟု စွပ်စွဲကာ သတ်ဖြတ်သွားသည်ဟု ရွာငံ PDFကသတင်းထုတ်ပြန်ထားသည်။ထိုအပြင် စစ်​ကောင်စီတပ်က အသတ်ခံရ​သော​ဒေသခံလူငယ်များ​ဘေးတွင် လက်လုပ်​သေနတ်၂ လက်ကိုထား၍ ဓါတ်ပုံဆင်ရိုက်ခဲ့​သေး​ကြောင်းလည်းသိ့ရသည်။

(စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော​ဒေသခံပြည်သူ ၆ဦး)

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနှင့် ပဲရင်းတောင်ကျေးရွာဝန်းကျင်တွင် PDFများရှိနေသည်ဟု ဆိုကာ ယနေ့(ဧပြီ ၂၂ )နံနက်ကစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြေပြင်တွင်လည်း အကြမ်းဖက်တိုက်ခိုက်နေသည်။စစ်​ကောင်စီတပ်ရန်​ကြောက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ၏ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ရွာငံဒေသခံများကပြောသည်။ယခုအခါ စစ်ကောင်စီ၏ အကြမ်းဖက်မှုကိုကြောက်လန့်၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။