Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွာငံတွင် အရပ်သား၆ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က PDF ဟုစွပ်စွဲပြီးဖမ်းဆီးသတ်ဖြတ်

တပ်ဖွဲ့(Ywangan People’s Defense Force)က ယနေ့( ဧပြီ ၂၂)ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော​ဒေသခံပြည်သူ ၆ဦး)

ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ အရပ်သား၆ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က PDF ဟုစွပ်စွဲပြီးဖမ်းဆီးသွားသတ်ဖြတ်လိုက်ကြောင်း ရွာငံPDFကယနေ့ သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော​ဒေသခံပြည်သူ ၆ဦး)

ရွာငံဒေသကို ထိုးစစ်ဆင်နေသည် စစ်ကောင်စီရန်ကို ကြောက်လန့်၍ ရွာအနီးဝန်းကျင်တွင် ပုန်းအောင်းနေသည့် ဒေသခံပြည်သူများကို သတ်ဖြတ်သွားခြင်းဟု ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Ywangan People’s Defense Force)က ယနေ့( ဧပြီ ၂၂)ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

ပဲရင်းတောင်ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ခိုအောင်းနေသော အပြစ်မဲ့ပြည်သူများကို PDFဟု စွပ်စွဲကာ သတ်ဖြတ်သွားသည်ဟု ရွာငံ PDFကသတင်းထုတ်ပြန်ထားသည်။ထိုအပြင် စစ်​ကောင်စီတပ်က အသတ်ခံရ​သော​ဒေသခံလူငယ်များ​ဘေးတွင် လက်လုပ်​သေနတ်၂ လက်ကိုထား၍ ဓါတ်ပုံဆင်ရိုက်ခဲ့​သေး​ကြောင်းလည်းသိ့ရသည်။

(စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော​ဒေသခံပြည်သူ ၆ဦး)

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနှင့် ပဲရင်းတောင်ကျေးရွာဝန်းကျင်တွင် PDFများရှိနေသည်ဟု ဆိုကာ ယနေ့(ဧပြီ ၂၂ )နံနက်ကစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြေပြင်တွင်လည်း အကြမ်းဖက်တိုက်ခိုက်နေသည်။စစ်​ကောင်စီတပ်ရန်​ကြောက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ၏ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ရွာငံဒေသခံများကပြောသည်။ယခုအခါ စစ်ကောင်စီ၏ အကြမ်းဖက်မှုကိုကြောက်လန့်၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။