Connect with us

Hi, what are you looking for?

News

နမခမှ ဗိုလ်ကြီးတစ်ဦး CDM ကူးပြောင်းလာပြီး လုံခြုံဘေးကင်းရာသို့ ရောက်ရှိနေပြီဟု ပြည်သူ့ပန်းတိုင်အဖွဲ့ ထုတ်ပြန်

Captain Right သည် စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် မိခင်ခြေလျင်တပ်ရင်းတစ်ခုတွင် ဒုတိယဗိုလ်၊ ဗိုလ်အဆင့် တပ်စုမှူးအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဗိုလ်ကြီးတစ်ဦးသည် ဧပြီ ၁၁ ရက်တွင် ပြည်သူ့ဘက်ရပ်တည်လာပြီး လုံခြုံဘေးကင်းရာသို့ ရောက်ရှိနေပြီဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူကိုကာကွယ်ရမည့် တပ်မတော်သည် ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်နေပြီး ယင်းသို့ စက်ဆုပ်ဖွယ်ကိစ္စရပ်များကို ကျူးလွန်နေသည့် အဖွဲ့အစည်းအောက်တွင် ဆက်လက်တာဝန်လိုခြင်းမရှိသည့်အတွက် ပြည်သူလူထု ဘက်သို့ ကူးပြောင်းလာခြင်းဖြစ်သည်ဟု အထက်ပါ CDM ဗိုလ်ကြီးက ဆိုသည်။

“တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ ငြိမ်းချမ်းစွာ ​ဆန္ဒပြမှုများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းမှုများ ပြုလုပ်လာခဲ့ပါတယ်။ ပြည်သူမှ ရွေးချယ်တင်​မြောက်ထားသော နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထိမ်းသိမ်းခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများ နေ့ရော ညပါ လုံခြုံမှုမရှိဘဲ ဖမ်းဆီးခံရခြင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခံရကာ သေဆုံးရသည်ထိ ဆိုးရွားသည့်လုပ်ရပ်များ အာဏာသိမ်းစစ်အစိုးရမှ ပြုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါ CDM ဗိုလ်ကြီးသည် လက်ရှိတွင် တော်လှန်ရေးအမည်လွှဲအဖြစ် Captain Right ဟု အမည်ပေးထားပြီး ဧပြီ ၈ ရက်တွင် ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ပြီး Pre-CDM စာရင်း သွင်း ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Captain Right သည် စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် မိခင်ခြေလျင်တပ်ရင်းတစ်ခုတွင် ဒုတိယဗိုလ်၊ ဗိုလ်အဆင့် တပ်စုမှူးအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သား – People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သော ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြုအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ပြီး ရှေ့တန်းစစ်မျက်နှာ၊ နောက်တန်းအထိုင်တပ် စသည့် တာဝန်ကျရာနေရာစုံမှ ပြည်သူ့ဘက်ရပ်တည်လိုသော စစ်သည်များကို ပြည်သူလူထု၏ ကူညီမှုဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်သည်။

စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်မတော်သား ၃၀၀၀ ကျော် ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်မလာနိုင်ကြသူများစွာကလည်း တန်ဖိုးရှိသည့်သတင်းအချက်အလက်များကို ပေးပို့နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

Trending

Facebook