Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို ထောက်ပံ့နေတဲ့ NATO နိုင်ငံတွေရဲ့ စစ်စခန်းတွေကို တိုက်ခိုက်နိုင်တယ်လို့ ရုရှား ခြိမ်းခြောက်

ကိယက်ဗ်မှာ ရှိနေတဲ့ ယူကရိန်း အစိုးရကို စစ်ရေးအရရော၊ တခြားနည်းတွေနဲ့ပါ ထောက်ပံ့နေတဲ့ NATO နိုင်ငံတွေကို ရုရှားကလည်း လက်တုံ့ပြန်ခွင့် ရှိကြောင်း၊ နောက်ဆက်တွဲ ကြုံလာမယ့် အကျိုးဆက်တွေက ယူကရိန်းမှာပဲ ပိုပြီး သွေးထွက်သံယို များလာမှာဖြစ်ကြောင်း ဇာခါရိုဗာက ဆိုပါတယ်။

ယူကရိန်းကို အားပေး ထောက်ပံ့နေတဲ့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ရှိလာနိုင်တယ်လို့ ရုရှားက သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ မစခင် ကတည်းက အမေရိကန်နဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေဟာ ယူကရိန်းကို ငွေအား၊ လက်နက်အင်အား အလုံးအရင်းနဲ့ ထောက်ပံ့ ကူညီပေးနေခဲ့ပါတယ်။ အခုဆိုရင် NATO နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်တွေ ပိုပြီး ပေါ်ပေါ်ထင်ထင် ပေးပို့ ဖြည့်တင်းပေးဖို့ သဘောတူထားကြပါပြီ။ ဒီအခြေအနေတွေက တိုက်ပွဲ ပြင်းထန်နေတဲ့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေက ရုရှားတပ်တွေအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ရုရှား စစ်တပ် အနေနဲ့ ရန်သူ ယူကရိန်းကို အားပေး ထောက်ခံနေတဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်မှာ ရှိနေတဲ့ ယူကရိန်း အစိုးရကို စစ်ရေးအရရော၊ တခြားနည်းတွေနဲ့ပါ ထောက်ပံ့နေတဲ့ NATO နိုင်ငံတွေကို ရုရှားကလည်း လက်တုံ့ပြန်ခွင့် ရှိကြောင်း၊ နောက်ဆက်တွဲ ကြုံလာမယ့် အကျိုးဆက်တွေက ယူကရိန်းမှာပဲ ပိုပြီး သွေးထွက်သံယို များလာမှာဖြစ်ကြောင်း ဇာခါရိုဗာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းက ရုရှားရဲ့ အခြေခံ အဆောက်အအုံတွေကို ဗုံးကြဲ တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအပေါ် ထောက်ခံကြောင်း ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီး ဂျိမ်းဟိပေးက မှတ်ချက်ပေး ပြောဆိုခဲ့ပြီးတဲ့နောက် ရုရှားဖက်က အခုလို အသံထွက်လာတာပါ။ ဟိပေးက ရုရှားကို တုံ့ပြန် တိုက်ခိုက်တဲ့ ယူကရိန်းရဲ့ လေကြောင်း စစ်ဆင်ရေးတွေမှာ ဗြိတိန်လုပ် စစ်လက်နက်တွေ အသုံးပြုနေတာဟာ ရာနှုန်းပြည့် တရားဝင်တဲ့ ကိစ္စလို့လည်း ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ ရုရှားဖက်ကတော့ ဒီအခြေအနေတွေကို ဒေါသထွက်နေပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဗြိတိန်ရဲ့ လုပ်ရပ်ဟာ ရန်စမှုတစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။ ဒီအတောအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ကလည်း လက်ရှိ ပဋိပက္ခတွေကို အကြောင်းပြုပြီး နျူကလီးယား စစ်ပွဲ ဖြစ်လာမယ် ဆိုတာမျိုး ရုရှားက ခြိမ်းခြောက်နေတာတွေဟာ အန္တရာယ် များလွန်းပြီး အကျိုးလည်း မရှိဘူးလို့ ဝေဖန်ထားပါတယ်။

ဂျာမနီကို အလည်အပတ် သွားရောက်တဲ့ ခရီးစဉ် အတွင်းမှာလည်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အနောက်အုပ်စု နိုင်ငံတွေဟာ ယူကရိန်းကို လက်နက် ထောက်ပံ့ပြီး တတိယ ကမ္ဘာစစ် စတင်လာအောင် လှုံ့ဆော်နေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အခု သီတင်းပတ်ထဲမှာ ရုရှား ပိုင်နက်ထဲက လောင်စာဆီ သိုလှောင်စခန်း တစ်ခုကို လေကြောင်းက တိုက်ခိုက် ခံရပြီး အပြင်းအထန် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ယူကရိန်းကတော့ နယ်စပ်ကနေ ရုရှား ပိုင်နက်ထဲ ၉၅ မိုင်လောက် ကွာဝေးတဲ့ အဲဒီစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံတာ၊ ငြင်းဆိုတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook