Connect with us

Hi, what are you looking for?

LuduNwayOo

News

မနေ့က ဖာပွန်ခရိုင်တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ စစ်ဆင်ရေး ဗျူဟာမှူးကျဆုံး

ကျောက်ညှက်စခန်းဟာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ (၄၃၄)တပ်ရင်းစခန်းဖြစ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူက စခန်းထိုင်တာဖြစ်ပါတယ်။ မနေ့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင်မှာ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း KNLA တပ်မဟာ ၅ ဘက်က ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ သတင်းအရင်းအမြစ်ထံကနေ သိရပါတယ်။

ဖာပွန်ခရိုင် သံလွင်မြစ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကျောက်ညှက်စခန်းကို မနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုသိမ်းဆည်းရခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစောထူးကရှောဟာ အဲဒီစခန်းသိမ်းတိုက်ပွဲမှာကျဆုံးခဲ့တာလို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့တော့မရသေးပါဘူး။

ကျောက်ညှက်စခန်းဟာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ (၄၃၄)တပ်ရင်းစခန်းဖြစ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူက စခန်းထိုင်တာဖြစ်ပါတယ်။ မနေ့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ကျောက်ညှက်စခန်းကို KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ သံလွင်မြစ်နားမှာရှိတဲ့ မယ်နုထာ့ကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ KNLA တပ်မဟာ ၅ ရဲ့ စစ်ဆင်ရေးဗျူဟာမှူးလည်းဖြစ် ကေအဲန်ယူ-ဖာပွန်ခရိုင်ရဲ့ ခရိုင်အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးစောထူးကရှောဟာ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။