Connect with us

Hi, what are you looking for?

News

ယင်းမာပင်တွင် အူရီဒူးကုမ္ပဏီ၏ ကားနှင့်စက်သုံးဆီများအား ဒေသကာကွယ် ရေးတပ် သိမ်းဆည်း

“ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုနှင့်အတူ အမိမြေ-တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ၏ ကားနှင့်ဆီပီပါ ၄လုံး၊ ဂါလံ ၁၅၀ ခန့်အား မုံရွာ-ယာကြီး-ကလေးဝလမ်း၊ ငါးမိုင်ဂိတ်အနီးတွင် သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် Ooredoo ဆက်သွယ်ရေးကုမ္ပဏီ၏ ကားနှင့် စက်သုံးဆီများအား သိမ်းဆည်းလိုက်ပြီး ဝန်ထမ်းများအား ပြန်လွှတ်လိုက်ကြောင်း ယင်းမာပင်-ကနီတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

“ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုနှင့်အတူ အမိမြေ-တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ၏ ကားနှင့်ဆီပီပါ ၄လုံး၊ ဂါလံ ၁၅၀ ခန့်အား မုံရွာ-ယာကြီး-ကလေးဝလမ်း၊ ငါးမိုင်ဂိတ်အနီးတွင် သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့အပြင် ကုမ္ပဏီဝန်ထမ်းများကို ထိခိုက်မှုအန္တရာယ် တစ်စုံတစ်ရာမပြုဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုက ယနေ့ (မေလ ၅ ရက်)တွင် ထုတ်ပြန်အသိပေးသည်။

ဖမ်းဆီးထိန်းသိမ်းရခြင်းမှာ လမ်းပိုင်းအသုံးပြုမှု ပိတ်ထားသည့်ကြားက သွားလာအသုံးပြုခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီခိုင်းစေသည့်အတိုင်း နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ သုံးစွဲသူပြည်သူများအပေါ် စစ်ကောင်စီအလိုကျ ဖုန်းဘေအခွန်များ တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့်ဖြစ်သည်ဟု “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကားနှင့်ပစ္စည်းများကို ပြန်လည်ရယူလိုပါက ယနေ့(မေလ ၅ ရက်) မှစ၍ တစ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်းအင်တာနက်လိုင်းများနှင့်အတူ ဝန်ဆောင်မှုအပြည့်အဝပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယင်းမာပင်-ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ​ပြောသည်။

အကယ်၍ တောင်းဆိုချက်အား မလိုက်နာဘဲ ပြည်သူများအပေါ် အနိုင်ကျင့်မတန်တဆ အခွန်ဆက်လက်ကောက်ခံနေပါက ဆက်သွယ်ရေးကုမ္ပဏီများအားလုံးအနေဖြင့် Mytel ဆက်သွယ်ရေးကုမ္ပဏီအား စံနမူနာထားစေလိုကြောင်း “ချိုမိုင်မိုင်” ယင်းမာပင်-ကနီတပ်ပေါင်းစုက သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။