Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်တွင် အူရီဒူးကုမ္ပဏီ၏ ကားနှင့်စက်သုံးဆီများအား ဒေသကာကွယ် ရေးတပ် သိမ်းဆည်း

“ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုနှင့်အတူ အမိမြေ-တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ၏ ကားနှင့်ဆီပီပါ ၄လုံး၊ ဂါလံ ၁၅၀ ခန့်အား မုံရွာ-ယာကြီး-ကလေးဝလမ်း၊ ငါးမိုင်ဂိတ်အနီးတွင် သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် Ooredoo ဆက်သွယ်ရေးကုမ္ပဏီ၏ ကားနှင့် စက်သုံးဆီများအား သိမ်းဆည်းလိုက်ပြီး ဝန်ထမ်းများအား ပြန်လွှတ်လိုက်ကြောင်း ယင်းမာပင်-ကနီတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

“ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုနှင့်အတူ အမိမြေ-တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ၏ ကားနှင့်ဆီပီပါ ၄လုံး၊ ဂါလံ ၁၅၀ ခန့်အား မုံရွာ-ယာကြီး-ကလေးဝလမ်း၊ ငါးမိုင်ဂိတ်အနီးတွင် သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့အပြင် ကုမ္ပဏီဝန်ထမ်းများကို ထိခိုက်မှုအန္တရာယ် တစ်စုံတစ်ရာမပြုဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုက ယနေ့ (မေလ ၅ ရက်)တွင် ထုတ်ပြန်အသိပေးသည်။

ဖမ်းဆီးထိန်းသိမ်းရခြင်းမှာ လမ်းပိုင်းအသုံးပြုမှု ပိတ်ထားသည့်ကြားက သွားလာအသုံးပြုခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီခိုင်းစေသည့်အတိုင်း နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ သုံးစွဲသူပြည်သူများအပေါ် စစ်ကောင်စီအလိုကျ ဖုန်းဘေအခွန်များ တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့်ဖြစ်သည်ဟု “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ တပ်ပေါင်းစုက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကားနှင့်ပစ္စည်းများကို ပြန်လည်ရယူလိုပါက ယနေ့(မေလ ၅ ရက်) မှစ၍ တစ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်းအင်တာနက်လိုင်းများနှင့်အတူ ဝန်ဆောင်မှုအပြည့်အဝပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယင်းမာပင်-ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ​ပြောသည်။

အကယ်၍ တောင်းဆိုချက်အား မလိုက်နာဘဲ ပြည်သူများအပေါ် အနိုင်ကျင့်မတန်တဆ အခွန်ဆက်လက်ကောက်ခံနေပါက ဆက်သွယ်ရေးကုမ္ပဏီများအားလုံးအနေဖြင့် Mytel ဆက်သွယ်ရေးကုမ္ပဏီအား စံနမူနာထားစေလိုကြောင်း “ချိုမိုင်မိုင်” ယင်းမာပင်-ကနီတပ်ပေါင်းစုက သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။