Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက တစ်နေ့တစ်ခြား ရာဇဝတ်မှုတွေပိုကျူးလွန်လာတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူပြော

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖမ်းဆီးလုပ်ဆောင်တာဟာ တော်တော်လေးကြာမြင့်ပြီဖြစ်ပြီး ဒီလိုပြည်သူအပေါ် ပစ်မှတ်ထားလုပ်ဆောင်ခဲ့လို့ ရလဒ်အနေနဲ့ စစ်ကောင်စီအပေါ် လူထုရဲ့မုန်းတီးမှုဟာ များသထက်များလာတယ်လို့လည်း ပဒိုစောတောနီးက ဆိုပါသေးတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေပိုလုပ်လာတဲ့ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတရားခံအဖြစ် ပိုဖြစ်သထက်ဖြစ်လာတယ်လို့ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)တို့ဟာ ဒေသခံအရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတာ လက်နက်ကြီးပစ်ခတ်တာနဲ့ ဒေသခံ​တွေကို ဖမ်းဆီးတာ နှိပ်စက်တာ ပေါ်တာဆွဲခေါ်တာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖမ်းဆီးလုပ်ဆောင်တာဟာ လူထုကို ကြောက်စိတ်ဝင်အောင်လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို လူထုက ထောက်ပံ့မှုမရှိအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

Public Service Announcement

“တနေ့တခြားပိုပြီးတော့ စစ်ရာဇဝတ်မှု ပိုပြီးတာ့ကျူးလွန်လာတယ်ဆိုတာ နောက်ပြီးတော့ဖောက်ဖျက်မှုတွေ သူတို့က စစ်ရာဇဝတ်မှုတရားခံတွေ ပိုပြီး ဖြစ်သထက်ဖြစ်လာတယ်ဆိုတာ ဒါက သက်သေအထောက်အထားတခုအနေနဲ့ပဲ ကျနော်တို့ပြောလို့ရတယ်။ ဒီနေ့ဒီအချိန်ခါမှာ သူတို့ကတော့ ရပ်တန်းကရပ်ဖို့တော့သင့်ပေမယ့် အခုထက်ထိ မရပ်ဘူးဆိုတာ ကျနော်တို့တွေ့ရတယ်” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖမ်းဆီးလုပ်ဆောင်တာဟာ တော်တော်လေးကြာမြင့်ပြီဖြစ်ပြီး ဒီလိုပြည်သူအပေါ် ပစ်မှတ်ထားလုပ်ဆောင်ခဲ့လို့ ရလဒ်အနေနဲ့ စစ်ကောင်စီအပေါ် လူထုရဲ့မုန်းတီးမှုဟာ များသထက်များလာတယ်လို့လည်း ပဒိုစောတောနီးက ဆိုပါသေးတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ခေါ်ဆိုပြီးတဲ့နောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ရေးလှုပ်ရှားမှု အရင်ကထက် ပိုမိုလုပ်ဆောင်လာခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တဲ့အပြင် ဒီလိုစစ်ရေးလှုပ်ရှားမှုတွေကြောင့် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူ ၁၇၀၀၀၀ ကျော်ဟာ လတ်တလောမှာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်သူလူထုအပေါ် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုဆိုးရွားစွာပြုလုပ်ခဲ့ပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှု အတင်းအဓမ္မဖမ်းဆီးမှုနဲ့ နှိပ်စက်ညှဉ်းပန်မှုတွေကြောင့် ပြည်သူလူထုတွေအတွက် နေ့စဉ်ဘ၀က လုံခြုံမှုမရှိဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook