Connect with us

Hi, what are you looking for?

News

CDFနှင့် တိုက်ပွဲဖြစ်၍ သုံးရက်အတွင်း စစ်ကောင်စီ ၁၄ဦး သေဆုံး၊ CDF တစ်ဦးကျ

“CDF-Matupi က သုံးဦးကျဆုံးပြီး တစ်ဉီးဒဏ်ရာရခဲ့ပါတယ်။ စကစဘက်က အနည်းဆုံး ​လေးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီ မြို့နယ်များမှ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်အကြား ဇူလိုင် ၂၇ရက်မှ ၃၀ရက်အထိ လေးရက်အတွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ပိုမိုအထိနာခဲ့သည်။

မင်းတပ် CDFနှင့် အာဏာသိမ်းစစ်တပ်တို့ အပစ်ရပ်စဲရေးသက်တမ်းတိုးရန် ဆွေးနွေးမှုပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၁ရက်မှ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ယမန်နေ့ညက အပိုင်းလိုက် ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၂၇ရက်မှ ၂၉ ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ၌ စစ်ကောင်စီတပ်မှ ၁၄ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

CDF က သိမ်းပိုက်ထားသည့် မကွီအိမ်နူးစခန်းကို ဦးတည်လာသည့် အာဏာသိမ်းတပ်၏ စစ်ကြောင်းတစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်မှ ချီတက်လာရာ မင်းတပ်နှင့် ကန်ပန်လက် CDFများက ပူးပေါင်းတိုက် ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

“မင်းတပ်နှင့် ကန်ပက်လက်နယ်စပ်နားက ခါနန်းရွာမှာ အဲဒီချီတက်လာတဲ့ စကစ စစ်ကြောင်းကို CDF-Mindat, CDF-Kanpetlet ပူးပေါင်းတပ်တို့က ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စကစတပ်တွေ အကျအဆုံးများစွာ ပြန်ဆုတ်သွားခဲ့ရပါတယ်။ စကစဘက်က အနည်းဆုံး ၁၀ ဦးကျဆုံး၊ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး CDF ဘက်ကတော့ ဒဏ်ရာရသူ မရှိခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဇူလိုင် ၂၉ တွင် မင်းတပ်-မတူပီလမ်း ၇၄ မိုင်တွင် မင်းတပ်နှင့် မတူပီ CDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ည ၇နာရီမှစ၍ ၅နာရီကြာ တိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိကြောင်း ဖော်ပြထား သည်။

“CDF-Matupi က သုံးဦးကျဆုံးပြီး တစ်ဉီးဒဏ်ရာရခဲ့ပါတယ်။ စကစဘက်က အနည်းဆုံး ​လေးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါနေရာတွင် ဇူလိုင် ၃၀ရက်၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားနေဆဲဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရမှုအခြေအနေများကို မသိရသေးဟုဆိုသည်။

မင်းတပ်မြို့နယ်တွင် တစ်လနီးပါးအကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် ပြင်းထန်သည့် တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။