Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသည် အကြမ်းဖက်အာဏာသိမ်းထား၍ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲခေါ်ပိုင်ခွင့်မရှိဟု KNUပြော

KNU ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်သည် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့် ကိုက်ညီသည်။

နိုင်ငံရေးဆွေးနွေးပွဲများနှင့် ထိုက်တန်သူမဟုတ်ဟု အသိပေး

စစ်ကောင်စီခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သူကိုယ်တိုင် ဆွေးနွေးလိုကြောင်း ဧပြီ ၂၂ရက်က ဖိတ်ခေါ် ခဲ့ပြီး မေလ ၉ရက်နောက်ဆုံးထား ပြန်ကြားပေးရန် ပြောကြားခဲ့သည်။

ထိုသို့ စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အပေါ် KNUက နာရီပိုင်းအတွင်း၌ပင် ဖိတ်ခေါ်မှုကို လက်မခံကြောင်း ပယ်ချခဲ့ပြီး ရပ်တည်ချက် အပြောင်းအလဲမရှိကြောင်း ယနေ့တွင် ပဒိုစောတောနီးက ထပ်လောင်းပြောကြားသည်။

“စကစဟာ အကြမ်းဖက် အာဏာသိမ်းခဲ့တာကြောင့် တရားဝင်တဲ့ အဖွဲ့အစည်း မဖြစ်တာနဲ့အညီ မည်သည့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲကိုမှ ခေါ်ပိုင်ခွင့်မရှိသလို ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ထိုက်တန်တဲ့လူတွေမဟုတ်ပါကြောင်း သိစေအပ်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

KNU ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်သည် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့် ကိုက်ညီသည်။

စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ရွေးကောက်ခံ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းထားခြင်းဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်များ လိုလားသည့် နိုင်ငံရေးဆွေးနွေးရေးကိစ္စ စစ်ကောင်စီ၌အခွင့်အာဏာရှိမရှိ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက “ကျွန်တော်တို့ဘက်ကနေတော့ အဲဒါကတော့ မရှိဘူးလို့ ကျွန်တော်တို့ မြင်တယ်လေ။ အဲဒါကြောင့် ပြောတာပါ။ တကယ့် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကိုတော့ ဖိတ်သင့်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ အဲဒါမဖိတ်ဘဲနဲ့ ရွေးပြီးမှပဲ ဖိတ်ခေါ်တယ်ဆိုတော့ အဖြေကောင်းတော့မထွက်ဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ မတက်ရခြင်းဖြစ်ပါတယ်”ဟု မှတ်ချက်ပြုသည်။

ထို့ကြောင့် နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးနိုင်သည့် အချိန်အခါ အခင်းအကျင်းများ ရှိမှသာ KIO အနေဖြင့်ပါဝင်မည်ဟု စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို ပယ်ချကြောင်း အသိပေးသည့် ကြေညာချက်၌ ဖော်ပြထားသည်။

အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ကလည်း စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံဘဲ KNU နှင့် KIO အဖွဲ့အစည်းများ၏ သဘောထားအတိုင်းပင် ဆွေးနွေးပွဲ အခင်းအကျင်းနှင့်ပတ်သက်ပြီး ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။