Connect with us

Hi, what are you looking for?

News

အင်အား ၁၅၀ခန့်ရှိ စစ်ကြောင်းကို ကသာ(ပကဖ)နှင့် ABSDF မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကသာမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ယနေ့ (မေလ ၂၂ရက်) နံနက်ပိုင်းတွင် ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကသာ(ပကဖ) က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၅နာရီ ၁၅တွင် ကသာမြို့ ပေကုန်းမှ ကပ်ပလိပ်​ကျေးရွာသို့ ချီတက်လာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး လမ်းပေါ်၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ဦးခန့် ထိခိုက်သေဆုံးပြီး ၎င်းစစ်ကြောင်းမှာ ရပ်တန့်နေကြာင်း ကသာ(ပကဖ)က ကနဦး သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ များ ပြုလုပ်ခဲ့၍ ပြည်သူလူထု အသက်သေဆုံးပြီး အိုးအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။