Connect with us

Hi, what are you looking for?

News

“ဖိ​လေကြွ​လေ ရန်ကုန်​မြေ”ဆိုတဲ့ စစ်အာဏာရှင်ဖြုတ်ချ​ရေးသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက်ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်​နေသည်။

ဓါတ်ပုံ -YMR

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ စစ်အာဏာရှင် ဖြုတ်ချ​ရေးအဖြစ် “ဖိ​လေကြွ​လေ ရန်ကုန်​မြေ” သပိတ်စစ်​ကြောင်းမှာ ယ​နေ့ည​နေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြ သည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးက လူငယ် ၅၀ ကျော် ပါဝင်ခဲ့ပြီး လူငယ်များက အိမ်စောင့်စစ်ခွေးမောင်းထုတ်ကြ၊ ဖိလေကြွလေ ရန်ကုန်မြေ ဆိုသည့်စာတန်းများ ကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက်ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။