Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေ၌ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၃၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်မှ ၆၅ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နှင့် အာဏာသိမ်းစစ်ကောင်စီတို့သည် ဇူလိုင်လအတွင်းက တိုက်ပွဲ ၁၃၃ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ဦးသေဆုံးပြီး ၁၀၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်ဘက်က စစ်ကား နှစ်စီးပျက်စီးပြီး လားနှစ်ကောင်သေဆုံးကာ လားလေးကောင် ဒဏ်ရာရရှိကြောင်းသိရသည်ဟု ဖော်ပြထားသည်။

KNU တပ်မဟာ(၅)ဘက်မှ ကျဆုံးသူမရှိဘဲ ဒဏ်ရာရသူ သုံးဦးသာရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)များသည် ဒေသခံ ပြည်သူများ နေထိုင်ရာအရပ်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အပြင် အများပြည်သူအသုံးပြုသည့် လမ်းပေါ်တွင် မိုင်းများထောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ မိုင်းကြောင့် ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မီးရှို့၍ လူနေအိမ်ခြေ ငါးလုံး ပျက်စီးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်အနေဖြင့် ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များကို လုယက်စားသောက်မှုများလည်းရှိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း BGFတပ်မှ နှစ်ဦး လက်နက်ချခဲ့ကြောင်း၊ လက်နက်ငယ် ​လေးလက်သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လအတွင်း၌ KNU တပ်မဟာ(၁)နယ်မြေတွင်လည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့် အနက် KNU တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။