Connect with us

Hi, what are you looking for?

News

အာဆီယံအထူးသံတမန် ကို လက်ခံတယ်လို့ အာဏာသိမ်းစစ်ကောင်စီဆို

အဲဒီအထူး သံတမန် Erywan Yusof ဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် မူတည်ပြီး မြန်မာ့အရေးကိုကြားဝင် ဆောင်ရွက်သွားမယ်လို့ အာဆီယံ က ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အထူးသံတမန်အဖြစ် အာဆီယံနိုင်ငံတွေက ခန့်အပ်လိုက်တဲ့သူကို သဘောတူလက်ခံတဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံ အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Erywan Yusof ကို ခန့်အပ်လိုက်တာပါ။

ဒီလိုအထူးသံတမန် ခန့်အပ်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလအတွင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီခဲ့ကြပေမယ့် လအနည်းငယ်အကြာ အခုမှ ခန့်အပ်နိုင်တာလည်းဖြစ်ပါတယ်။

အာဆီယံ က ခန့်အပ်လိုက်တဲ့ အထူးသံတမန်ကို လက်ခံတယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအထူး သံတမန် Erywan Yusof ဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် မူတည်ပြီး မြန်မာ့အရေးကိုကြားဝင် ဆောင်ရွက်သွားမယ်လို့ အာဆီယံ က ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း အာဆီယံ ခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံမှာတွေ့ဆုံကာ ဘုံသဘောတူညီချက် ငါးချက်ကို သဘောတူညီခဲ့တာပါ။

အဲဒီအချက်တွေထဲမှာ အထူးသံတမန်ခန့်အပ်ဖို့ပါဝင်သလို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ၊ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို သက်ဆိုင်ရာ အင်အားစုအဖွဲ့အစည်းတွေတွေ့ဆုံ ဆွေးနွေးဖို့ အချက်တွေပါဝင်ပါတယ်။

အထူးသံတမန် Erywan Yusof ဟာ မြန်မာနိုင်ငံကို ဘယ်အချိန်မှာ လာရောက်မလဲ ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။