Connect with us

Hi, what are you looking for?

News

အာဆီယံအထူးသံတမန် ကို လက်ခံတယ်လို့ အာဏာသိမ်းစစ်ကောင်စီဆို

အဲဒီအထူး သံတမန် Erywan Yusof ဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် မူတည်ပြီး မြန်မာ့အရေးကိုကြားဝင် ဆောင်ရွက်သွားမယ်လို့ အာဆီယံ က ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အထူးသံတမန်အဖြစ် အာဆီယံနိုင်ငံတွေက ခန့်အပ်လိုက်တဲ့သူကို သဘောတူလက်ခံတဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံ အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Erywan Yusof ကို ခန့်အပ်လိုက်တာပါ။

ဒီလိုအထူးသံတမန် ခန့်အပ်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလအတွင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီခဲ့ကြပေမယ့် လအနည်းငယ်အကြာ အခုမှ ခန့်အပ်နိုင်တာလည်းဖြစ်ပါတယ်။

အာဆီယံ က ခန့်အပ်လိုက်တဲ့ အထူးသံတမန်ကို လက်ခံတယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအထူး သံတမန် Erywan Yusof ဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အပေါ် မူတည်ပြီး မြန်မာ့အရေးကိုကြားဝင် ဆောင်ရွက်သွားမယ်လို့ အာဆီယံ က ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း အာဆီယံ ခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံမှာတွေ့ဆုံကာ ဘုံသဘောတူညီချက် ငါးချက်ကို သဘောတူညီခဲ့တာပါ။

အဲဒီအချက်တွေထဲမှာ အထူးသံတမန်ခန့်အပ်ဖို့ပါဝင်သလို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ၊ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို သက်ဆိုင်ရာ အင်အားစုအဖွဲ့အစည်းတွေတွေ့ဆုံ ဆွေးနွေးဖို့ အချက်တွေပါဝင်ပါတယ်။

အထူးသံတမန် Erywan Yusof ဟာ မြန်မာနိုင်ငံကို ဘယ်အချိန်မှာ လာရောက်မလဲ ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ရှိနေပြီလို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။

သတင်း

ဘုံသဘောတူညီချက် ၅ ရပ် ပိုပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုကြောင်း အာဆီယံ တိုက်တွန်း

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း