Connect with us

Hi, what are you looking for?

News

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်သားသုံးဦးထပ်သေ

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုရှိသော်လည်း KNPP/KNDF တပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုမရှိဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဖွဲ့(KNDF)က သတင်းထုတ်ပြန်သည်။

အမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF တို့သည် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ခူးပရာတောင်နှင့် ဘီသူ(အထက်) ကျေးရွာ အကြားတွင် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ တပ်မ (၆၆)မှ အင်အား ၁၂၀ ခန့်သည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ တော်လှန်ရေး ပြောက်ကြားတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကြောင်းချီလာစဉ် ယနေ့ (ဩဂုတ် ၄ရက်) မွန်းလွဲပိုင်း၌ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုရှိသော်လည်း KNPP/KNDF တပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုမရှိဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ယပ်ခူကျေးရွာ တွင်လည်း စစ်ကောင်စီတပ် အင်အား ၁၂၀ခန့် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပေးမည့် အခြေအနေတွင်ရှိကြောင်း၊ စစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ် ကြောင်း KNDFက သတင်းထုတ်ပြန်သည်။

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်းက လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုလ ဩဂုတ် ၃ရက်တွင်လည်း ဘောလခဲနှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲ ​လေးကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။