Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်သားသုံးဦးထပ်သေ

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုရှိသော်လည်း KNPP/KNDF တပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုမရှိဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဖွဲ့(KNDF)က သတင်းထုတ်ပြန်သည်။

အမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF တို့သည် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ခူးပရာတောင်နှင့် ဘီသူ(အထက်) ကျေးရွာ အကြားတွင် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ တပ်မ (၆၆)မှ အင်အား ၁၂၀ ခန့်သည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ တော်လှန်ရေး ပြောက်ကြားတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကြောင်းချီလာစဉ် ယနေ့ (ဩဂုတ် ၄ရက်) မွန်းလွဲပိုင်း၌ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုရှိသော်လည်း KNPP/KNDF တပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုမရှိဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ယပ်ခူကျေးရွာ တွင်လည်း စစ်ကောင်စီတပ် အင်အား ၁၂၀ခန့် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပေးမည့် အခြေအနေတွင်ရှိကြောင်း၊ စစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ် ကြောင်း KNDFက သတင်းထုတ်ပြန်သည်။

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်းက လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုလ ဩဂုတ် ၃ရက်တွင်လည်း ဘောလခဲနှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲ ​လေးကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။