Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့ရှိခမရ(၄၂၈)တပ်ဂိတ်နှင့် မြို့မရဲစခန်းကိုကရင်နီ ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိ

ကရင်နီ(ကယား)ပြည်နယ် တွင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲ တို့၌စစ်ကောင်စီ နှင့်ကရင်နီပူးပေါင်းတပ်တို့နေ့စဥ်ထိတွေ့တိုက်ပွဲများစွာဖြစ်ပွားလျက်ရှိသည်။

(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)
(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်ဂိတ် နှင့် ဖရူဆိုမြို့မ ရဲစခန်းကို ယနေ့မနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)က ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၅ရက် မနက် ၁၀နာရီခန့်တွင် စတင်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို KNDF တပ်ရင်း(၄)၊ တပ်ရင်း(၈)၊ ကရင်နီတပ်မတော်(KA)၊ ဖရူဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု​ဖော်ပြသည်။

(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)
(KNDFတပ်ရင်း၄တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNDF-B04)

နာရီဝက်ခန့်ကြာသည့် တိုက်ပွဲအတွင်း ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ်မှ ၁ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ပြီးခမရ (၄၂၈) ဂိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အထိနာသော်လည်း ထိ့ခိုက်သေဆုံးမှုရှိ၊မရှိအတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ် တွင် လွိုင်ကော်၊ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲ တို့၌စစ်ကောင်စီ နှင့်ကရင်နီပူးပေါင်းတပ်တို့နေ့စဥ်ထိတွေ့တိုက်ပွဲများစွာဖြစ်ပွားလျက်ရှိသည်။

ဇွန်လ ၂ ရက်က ဖရူဆိုမြို့နယ်၊ထားလဲနှင့် နန်းဖဲ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေ ဆုံးသူများ ပြားပြီး စစ်ကားနှစ်စီးအပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။