Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၉ဦး​သေ

တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

စော်ဖျားကျေးရွာ
စော်ဖျားကျေးရွာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၉ဦးသေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများက ​ပြောသည်။

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့(ဇွန် ၁၃ ရက်) နေ့လယ် ၁၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နှက်ကြီးငယ်များဖြင့် ပြန်လည်ခုခံခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့်နီးစပ်သူများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ယာဥ်များကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ တပ်သား ၉ဦးထက်မနည်း သေဆုံးပြီး လက်နက် ၁လက် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တိုက်ပွဲကို နေ့လယ် ၁၂ နာရီမှ ၁နာရီအထိ ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်က ​နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အခုစော်ဖျားဘက်ကို မြေတင်ကားတွေနဲ့ ပျူစောထီးတွေကော စစ်ကောင်စီတပ်က အင်အားဖြည့်နေတယ်။ ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား စစ်ရေးအလွန်တင်းမာနေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန်လည်း ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook