Connect with us

Hi, what are you looking for?

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့သူတွေကို သစ်ပင်စိုက်ပြီး ဂုဏ်ပြု

အခုလိုသစ်ပင်တွေစိုက်ပျိုးတာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်ကာတိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ရည်စူးပြီး စိုက်ပျိုးရတာဖြစ်တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့သူတွေကို သစ်ပင်စိုက်ပြီး ဂုဏ်ပြု
ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့သူတွေကို သစ်ပင်စိုက်ပြီး ဂုဏ်ပြု

ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ် ကော်သူးလေသစ်တောဌာနကဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ရဲ့ ကော်သူးလေသစ်တောဌာန(KFD)က ဦးဆောင်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့၊ စည်းရုံးရေးနဲ့ပြန်ကြားရေးဌာနနဲ့ ကျေးရွာနေပြည်သူလူထုတို့ပူးပေါင်းကာ ဒီကနေ့မနက် ၈ နာရီအချိန်ကစပြီး ဘောကထာသစ်တောကြိုးဝိုင်းမှာ သစ်ပင်တွေစိုက်ပျိုးကြတာပါ။

အခုလိုသစ်ပင်တွေစိုက်ပျိုးတာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်ကာတိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ရည်စူးပြီး စိုက်ပျိုးရတာဖြစ်တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့သူတွေကို သစ်ပင်စိုက်ပြီး ဂုဏ်ပြု
ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့သူတွေကို သစ်ပင်စိုက်ပြီး ဂုဏ်ပြု

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်ရဲ့ နယ်မြေအုပ်ချုပ်ရေးစနစ်မှာ စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန၊ ကျန်းမာရေးနဲ့ကယ်ဆယ်ရေးဌာန၊ ပြည်လည်ထူထောင်ရေးဌာန၊ ပညာရေးနဲ့ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နဲ့ဘဏ္ဍာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တို့ ရှိတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တရားစီရင်ရေးကော်မတီ၊ စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီနဲ့ နာယကအဖွဲ့တွေရှိကြပြီး ကေအဲန်ယူ လယ်ဒိုမြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ပြည်သူလူထုတွေကို ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook