Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယန္တရားအား တိုက်ခိုက်ခဲ့သည့် လုပ်ဆောင် ချက်များကို မန္တလေး-PDF ထုတ်ပြန်၊ အခြေနေအရပ်ရပ်ကို ပြန်လည်ထိမ်းချုပ်နိုင်ပြီဟုဆို

မှု၊ မန္တလေး အဆင့်မြင့် ရဲစခန်း ဖောက်ခွဲမှု၊ ပုသိမ်ကြီး လှည့်ကင်းရဲ နှစ်ဦးအား ပစ်ခတ်ချေမှူန်းမှုများနှင့် အခြားတိုက်ခိုက်ဖောက်ခွဲမှု ၂၀ ကျော်ကို မန္တလေးတွင် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဒလန်များ၊ စစ်ကောင်စီစေခိုင်း ချက်အတိုင်း လုပ်ဆောင်နေသည့် ဌာနများအား တိုက်ခိုက်ခဲ့သည့် လုပ်ဆောင်ချက်များကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဇွန်လ ၂၂ ရက်က MDY-PDF ၏ စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာတွင် ရန်သူ့ဘက်မှဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် အခြားအဆင့်များ ကျဆုံးခဲ့ပြီးနောက် MDY-PDF အနေနှင့် တော်လှန်ရေးလုပ်ငန်းများကို ပိုမိုစနစ်ကျသည့်ပုံစံဖြင့် ဆက်လက်လှုပ်ရှားနေခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲနောက်ပိုင်း ဇွန်လနောက်ဆုံးပတ်က စစ်ကောင်စီကို ကူညီပေးနေသည့် ဒလန်​လေးဦးကိုရှင်းလင်းခဲ့ပြီး ဇူလိုင် ၄ ရက်နေ့တွင် စစ်ကောင်စီကို အားပေးသူများနှင့် ၎င်းတို့နှင့်ဆက်စပ်နေရာများတွင် ဗုံးများ ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၁ ရက်တွင် ချမ်းမြသာစည် လျှပ်စစ်ရုံး ဖောက်ခွဲမှု၊ တောင်မြို့ အမရပူရ လျှပ်စစ်ရုံး ဖောက်ခွဲမှုတို့ကိုလည်း MDY-PDF က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်ကြီးတံခွန်ပစ်ခတ်မှု လေးမျက်နှာဘုရားဝင်းမှ စစ်ကောင်စီ၏ စခန်းချရာ နေရာဖောက်ခွဲမှု၊ မန္တလေး အဆင့်မြင့် ရဲစခန်း ဖောက်ခွဲမှု၊ ပုသိမ်ကြီး လှည့်ကင်းရဲ နှစ်ဦးအား ပစ်ခတ်ချေမှူန်းမှုများနှင့် အခြားတိုက်ခိုက်ဖောက်ခွဲမှု ၂၀ ကျော်ကို မန္တလေးတွင် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ တော်လှန်ရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်မှုမှာ ပြည်သူများ၏ ကူညီအားပေးမှုကြောင့်ဖြစ်ကြောင်း၊ မြို့ပေါ် တော်လှန်းရေးလုပ်ငန်းများ၏ နောက်ဆက်တွဲအနေနှင့် လုံခြုံရေးကိစ္စရပ်များကို အထူးထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေခဲ့ရသော်လည်း မကြာမီကပင် MDY-PDF အနေဖြင့် အခြေနေအရပ်ရပ်ကို ပြန်လည်ထိမ်းချုပ်တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် MDY-PDF နာမည်ကို အသုံးပြု၍ လှည့်ဖျားအလှူခံနေမှုများ၊ သတင်းအချက်အလက်အမှားများ ဖြန့်ဖြူးနေသည်များကို တွေ့ရှိရ၍ MDY-PDF အနေနှင့် ယခုကဲ့သို့ တရားဝင် Facebook စာမျက်နှာကို ဖွင့်လှစ်လိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။