Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးထုတ်လုပ်​နိုင်ရန် လိုအပ်​နေ​သောရန်ပုံ​​ငွေကိုအမျိုးသမီးPDF များက​ဈေး​ရောင်း၍ရှာ​ဖွေ

ယင်းမာပင်မြို့နယ်တွင်ဇွန်လ ၂၃ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ကြောင်းရွှေတြိဂံတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။

(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)
(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)

လက်နက်ကြီးထုတ်လုပ်ရေးနှင့်တပ်ဖွဲ့အတွက်လိုအပ်နေသည့် ရံပုံငွေကို အမျိုးသမီးတပ်ဖွဲ့ဝင်များက စျေးရောင်းပြီး ရှာဖွေခြင်းဖြင့် ​စစ်အာဏာရှင်တော်လှန်ရေးကို အပင်ပန်းခံကြိုးစားနေကြောင်းယင်းမာပင်မြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က လူထုအား အသိပေးသည်။

ယင်းမာပင်မြို့အခြေစိုက် ရွှေတြိဂံတပ်ရင်း(GTF)၊တပ်ခွဲ(၄)ဖြစ်သောစစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှ တပ်ဖွဲ့ဝင်အမျိုးသမီးရဲဘော်များသည်စျေးရောင်း၍တပ်ဖွဲ့အတွက်ရံပုံငွေရှာဖွေပေးနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရဲဘော်မလေးတွေအခုစျေးရောင်းနေတယ်။မုန့်လေးတွေလုပ်ရောင်းတယ်။ ကွမ်းလည်းရံဖန်ရံခါရောင်းတယ်။ရတဲ့အမြတ်ကစစ်ကောင်စီမောင်းထုတ်တဲ့နေရာမှာ သုံးဖို့အတွက်တဲ့” ဟု စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)မှ ရဲဘော်တစ်ဦးကပြောသည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)တွင် အမျိုးသမီးတပ်ဖွဲ့ဝင် (၂၀)ဦးရှိနေပြီး မြွေဆိုးမလေးများဟု အမည်ပေးထားသည်။ ၎င်းတို့အားလုံးသည်စစ်ကောင်စီတိုက်ခိုက်ဆန့်ကျင်ရေးတွင် နည်းမျိုးစုံပူးပေါင်းပါဝင်ပေးနေသည်ဟုတိုက်ခိုက်ရေးရဲဘော်များကပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ခဲယမ်းအတွက်ငွေကြေးအခက်အခဲကိုသိနေရသူလေးတွေမို့ရရာနည်းနဲ့ ခွေးသုတ်သင်ရင်း၊ငွေရှာရင်းပင်ပန်းနေကြရသူလေးတွေပါခမျာ။လူငယ်တွေကဘဝတွေအသက်တွေနဲ့ရင်းပြီး နောင်မျိုးဆက်အတွက်လွတ်မြောက်မှုတရားမျှတမှုတွေဖော်ဆောင်ပေးနေပါပြီ။ငွေကြေးတတ်နိုင်သူများက နောက်ကနေပဲ လှူဒါန်းပေးကြပါခမျာ” ဟုစစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကထုတ်ပြန်ထားသည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)၏လက်နက်ထုတ်လုပ်ရေးနေရာတစ်ခုကိုစစ်ကောင်စီတပ်ကဧပြီလအတွင်းဖျက်ဆီးသွားခဲ့သည်။ ယခုအခါ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းစဥ် ပြန်လည်စတင်မည်ဖြစ်၍ ရံပုံငွေလိုအပ်နေကြောင်း စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF) ရဲဘော်တစ်ဦးကပြောသည်။

(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)
(အမျိုးသမီးPDFတပ်ဖွဲ့ဝင်များက​မြန်မာမုန့်​ရောင်းရန်မုန့်လုပ်​နေကြစဥ်။ ။ဓါတ်ပုံ-စစ်ကျွန်မခံ​မြွေဆိုး​လေးတစ်သိုက်FB)

ထောက်ပံ့လှူဒါန်းလိုသူများအနေဖြင့် စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ
https://www.facebook.com/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%99%E1%80%81%E1%80%B6-%E1%80%99%E1%80%BC%E1%80%BD%E1%80%B1%E1%80%86%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%9E%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-PDF-101781545750589/ နှင့်

ရွှေတြိဂံတပ်ရင်း(GTF)၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/Golden-Triangle-Force-109043754924928/သို့ ဆက်သွယ်နိုင်​ကြောင်းအသိ​ပေးထားသည်။

ယင်းမာပင်မြို့နယ်တွင်ဇွန်လ ၂၃ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ကြောင်းရွှေတြိဂံတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။