Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်စီမံကော်မတီဝင်နှင့် စစ်အုပ်စုစီးနင်းလိုက်ပါလာသောယာဥ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းနေသည့်အပြင် ရေစကြိုမြို့ပေါ်နှင့်ကုန်းပိုင်းဒေသများတွင်ပါ အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေသည်။

ရေစကြိုမြို့နယ်
ရေစကြိုမြို့နယ်

မကွေးတိုင်း၊ ရေစကြိုမြို့ ရဲစခန်းအနီးတွင် မြို့နယ်စီမံကော်မတီဝင်နှင့် အကြမ်းဖက်အုပ်စုစီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၂၈ ရက်) နံနက် ၈နာရီခွဲခန့်က မြို့နယ်စီမံကော်မတီဝင် ကျော်ဝင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ စီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား ရေစကြိုမြို့အဝင် မြို့မရဲစခန်းနှင့်DENKO‌ဆီဆိုင်အရောက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်အုပ်စုဝင် ခုနစ်ဦးခန့်လိုက်ပါလာသည့်အနက် နှစ်ဦး သေဆုံးပြီးသုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသ​ည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကားများအနီး ကပ်မလိုက်ကြရန် ရေစကြို PDFအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“သေနတ်တွေရမ်းပစ်တာ တစ်မြို့လုံး ပွက်လောရိုက်သွားတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား Yesagyo PDF၊ Northern Yesagyo၊(N-YSO) ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Townshipတို့က ကျွန်ုပ်တို့ မဟာမိတ်(၄)ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းနေသည့်အပြင် ရေစကြိုမြို့ပေါ်နှင့်ကုန်းပိုင်းဒေသများတွင်ပါ အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။