မကွေးတိုင်း၊ ရေစကြိုမြို့ ရဲစခန်းအနီးတွင် မြို့နယ်စီမံကော်မတီဝင်နှင့် အကြမ်းဖက်အုပ်စုစီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ ၂၈ ရက်) နံနက် ၈နာရီခွဲခန့်က မြို့နယ်စီမံကော်မတီဝင် ကျော်ဝင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ စီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား ရေစကြိုမြို့အဝင် မြို့မရဲစခန်းနှင့်DENKOဆီဆိုင်အရောက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြမ်းဖက်အုပ်စုဝင် ခုနစ်ဦးခန့်လိုက်ပါလာသည့်အနက် နှစ်ဦး သေဆုံးပြီးသုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့် စစ်ကားများအနီး ကပ်မလိုက်ကြရန် ရေစကြို PDFအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement
“သေနတ်တွေရမ်းပစ်တာ တစ်မြို့လုံး ပွက်လောရိုက်သွားတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား Yesagyo PDF၊ Northern Yesagyo၊(N-YSO) ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Townshipတို့က ကျွန်ုပ်တို့ မဟာမိတ်(၄)ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းနေသည့်အပြင် ရေစကြိုမြို့ပေါ်နှင့်ကုန်းပိုင်းဒေသများတွင်ပါ အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေသည်။


















































