Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

“ပထမကတော့ ကိုဗစ်နဲ့သတင်းထွက်ပေါ်လာတယ်။ သူက နှစ်ရက် အောက်ဆီဂျင်ကျပြီးတော့ တချို့တွေကျတော့ ကိုဗစ်နဲ့ပဲ ယူဆတယ်။ နောက် စစ်ဆေးကြည့်တော့ သွေးတိုးတက်ပြီးတော့ မေ့မြောသွားတယ်။ မေ့မြောသွားပြီး သွေးတိုးပြန်မကျတော့အသက်ပါ ဆုံးရှုံးသွားတယ်တဲ့”ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၁) တပ်မဟာမှူးဖြစ်သူ ဗိုလ်ချုပ်စောပလေ့ သည် ယနေ့နံနက်အစောပိုင်း၌ ကွယ်လွန်သွားကြောင်း တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“ပထမကတော့ ကိုဗစ်နဲ့သတင်းထွက်ပေါ်လာတယ်။ သူက နှစ်ရက် အောက်ဆီဂျင်ကျပြီးတော့ တချို့တွေကျတော့ ကိုဗစ်နဲ့ပဲ ယူဆတယ်။ နောက် စစ်ဆေးကြည့်တော့ သွေးတိုးတက်ပြီးတော့ မေ့မြောသွားတယ်။ မေ့မြောသွားပြီး သွေးတိုးပြန်မကျတော့အသက်ပါ ဆုံးရှုံးသွားတယ်တဲ့”ဟု ၎င်းက ဆိုသည်။

အသက် ၅၇နှစ်အရွယ်ရှိပြီဖြစ်သော ဗိုလ်မှူးချုပ်စောပလေ့သည် တပ်မဟာ(၁) တပ်မဟာမှူးအဖြစ် တာဝန်ယူထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။KNU

တပ်မဟာ(၁)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်လှုပ်ရှားရာ သထုံခရိုင် ဘီးလင်း၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့နယ်များအတွင်းသို့ စစ်ရေးလှုပ်ရှားခဲ့သည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သည့် တပ်မဟာတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

မကြာသေးမီကလည်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးတို့သည် ကိုဗစ်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။