Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

“ပထမကတော့ ကိုဗစ်နဲ့သတင်းထွက်ပေါ်လာတယ်။ သူက နှစ်ရက် အောက်ဆီဂျင်ကျပြီးတော့ တချို့တွေကျတော့ ကိုဗစ်နဲ့ပဲ ယူဆတယ်။ နောက် စစ်ဆေးကြည့်တော့ သွေးတိုးတက်ပြီးတော့ မေ့မြောသွားတယ်။ မေ့မြောသွားပြီး သွေးတိုးပြန်မကျတော့အသက်ပါ ဆုံးရှုံးသွားတယ်တဲ့”ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၁) တပ်မဟာမှူးဖြစ်သူ ဗိုလ်ချုပ်စောပလေ့ သည် ယနေ့နံနက်အစောပိုင်း၌ ကွယ်လွန်သွားကြောင်း တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“ပထမကတော့ ကိုဗစ်နဲ့သတင်းထွက်ပေါ်လာတယ်။ သူက နှစ်ရက် အောက်ဆီဂျင်ကျပြီးတော့ တချို့တွေကျတော့ ကိုဗစ်နဲ့ပဲ ယူဆတယ်။ နောက် စစ်ဆေးကြည့်တော့ သွေးတိုးတက်ပြီးတော့ မေ့မြောသွားတယ်။ မေ့မြောသွားပြီး သွေးတိုးပြန်မကျတော့အသက်ပါ ဆုံးရှုံးသွားတယ်တဲ့”ဟု ၎င်းက ဆိုသည်။

အသက် ၅၇နှစ်အရွယ်ရှိပြီဖြစ်သော ဗိုလ်မှူးချုပ်စောပလေ့သည် တပ်မဟာ(၁) တပ်မဟာမှူးအဖြစ် တာဝန်ယူထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။KNU

တပ်မဟာ(၁)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်လှုပ်ရှားရာ သထုံခရိုင် ဘီးလင်း၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့နယ်များအတွင်းသို့ စစ်ရေးလှုပ်ရှားခဲ့သည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သည့် တပ်မဟာတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

မကြာသေးမီကလည်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးတို့သည် ကိုဗစ်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook