Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် ​​ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေ​ကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရွာသူရွာသားများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ရွာသူရွာသားများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် အင်အားများချကာ စစ်ကြောင်းထိုးမှုများကြောင့် ​ဒီပဲယင်းနယ်အရှေ့ခြမ်းကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဇူလိုင် ၄ရက်မှစတင်ကာ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း သိမ်ဘာ၊ ဆပ်ပြာကျင်းရွာတစ်ဝိုက်မှစ၍ ရဟတ်ယာဥ်များအသုံးပြုကာ တပ်သားများချခဲ့ကြောင်း ​ဒေသခံများက ​ပြောသည်။

ယနေ့(ဇူလိုင်၁၀ရက်)တွင်လည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတနယ် ဆင်ရောက်ကုန်း၊ ပေါက်တော ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်ဟု ဒေသခံတို့ကဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ကြောင်းထိုးရာ လမ်း‌တစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်ဂဏန်းခန့် နေ့စဉ်စစ်ဘေးတိမ်းရှောင်နေရသဖြင့် အကူအညီများ လုံလောက်စွာရရှိနိုင်ရန် လိုအပ်လျက်ရှိနေသည်ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်နေရသော ရွာသူရွာသားများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ရွာသူရွာသားများအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

ယမန်နေ့(ဇူလိုင်၉ရက်) ညနေ ၆နာရီခွဲခန့်က ရေဦးမြို့မှ ကြာပန်းအဝိုင်းသို့ ထွက်လာသော စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်စပ်၊ ခင်ဦးမြို့နယ် အင်းပတ်ရွာနှင့် ညောင်လှရွာဝန်းကျင်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ လက်နက်ကြီးများကျရောက်မှုကြောင့် အင်းပတ်ရွာရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက် အအုံအချို့ပျက်စီးမှုရှိခဲ့သည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေ​ကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။