Connect with us

Hi, what are you looking for?

ဗီဒီယို

ကလေးတွေ အသက်အန္တရာယ်ပါ ရှိနိုင်တဲ့ မျိုးစပ်ဗိုင်းရပ်စ် အမေရိကန်မှာ စတွေ့

ကလေးတွေက ကိုဗစ်ကူးစက်ခံရရင် ပြင်းထန်တဲ့ ရောဂါ လက္ခဏာမျိုးတွေ ပြသတာ အရမ်းနည်းပါတယ်။ ဒါပေမဲ့ လတ်တလော အမေရိကန်မှာ ပျံ့နှံ့နေတဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေမှာ ရောဂါပြင်းထန်တဲ့ နှုန်းကို မြင့်တက်လာစေတယ်လို့ ပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။

အမေရိကန်မှာ Covid-19 ရောဂါကြောင့် ဆေးရုံတက်ရတဲ့ ကလေး အရေအတွက် စံချိန်တင် မြင့်တက်လာတဲ့ အချိန်မှာပဲ မျိုးစပ် ကိုရိုနာဗိုင်းရပ်စ် အသစ် တစ်မျိုးကိုပါ ရှာတွေ့လာကြောင်း သိရပါတယ်။

အဲဒီ မျိုးစပ်ဗိုင်းရပ်စ်က Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်နဲ့ RSV လို့ ခေါ်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပေါင်းသွားတာပါ။ ဒီမျိုးစပ် ဗိုင်းရပ်စ် ကူးစက်မှုတွေကို တက္ကဆက်စ် ပြည်နယ်မှာ အဓိက တွေ့ရှိထားပြီး တခြားပြည်နယ် တချို့ကိုပါ ပျံ့နှံ့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

RSV က အရမ်းငယ်ရွယ်တဲ့ ကလေးတွေကို ကူးစက်ရင် နမိုးနီးယားလို ရောဂါမျိုးတွေထိ နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။ RSV ဟာ မွေးကင်းစနဲ့ ငယ်ရွယ်တဲ့ ကလေးတွေအတွက် အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ခြိမ်းခြောက်နိုင်တယ်လို့ အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (CDC)က ကြေညာထားပါတယ်။

ဒါကြောင့်လည်း မျိုးစပ်ဗိုင်းရပ်စ် အသစ်ဟာ ကလေးတွေမှာ Covid-19 ရဲ့ ရောဂါလက္ခဏာတွေ ပိုပြီး ပြင်းထန်လာအောင် သက်ရောက် တွန်းအားပေးမှာကို ပညာရှင်တွေက စိုးရိမ်နေတာပါ။ ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ အမေရိကန်မှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၂၄၆ ဦးလောက် Covid-19 ရောဂါကြောင့် ဆေးရုံ ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ကပ်ရောဂါ စတင်ချိန် ကတည်းက သီတင်းပတ်အလိုက် ကလေးတွေ ဆေးရုံတက်ရတာ အများဆုံး အရေအတွက်အဖြစ် စံချိန် တင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးတွေက ကိုဗစ်ကူးစက်ခံရရင် ပြင်းထန်တဲ့ ရောဂါ လက္ခဏာမျိုးတွေ ပြသတာ အရမ်းနည်းပါတယ်။ ဒါပေမဲ့ လတ်တလော အမေရိကန်မှာ ပျံ့နှံ့နေတဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေမှာ ရောဂါပြင်းထန်တဲ့ နှုန်းကို မြင့်တက်လာစေတယ်လို့ ပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။