Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်ရောက် မြန်မာအမျိုးသမီးသုံးဦးက နွေဦးတော်လှန်ရေးအတွက် ကတုံးရိတ်၍ ရန်ပုံငွေရှာ

“မိန်းမတို့ဘုန်း ဆံထုံး”ဟု စကားပုံရှိသော်လည်း ဆံပင်ကိုဖြတ်၍ တော်လှန်ရေး အတွက် ခရီးဆက် ရန်လှူဒါန်းသည့် အမျိုးသမီးများအား လေးစားဂုဏ်ယူ​မိကြောင်း လူမှုကွန်ရက်အသုံးပြုသူ တစ်ဦးကလည်း မှတ်ချက်ပြုရေးသား ထားသည်။

ဓာတ်ပုံ - Andrew Mclay/Facebook
ဓာတ်ပုံ - Andrew Mclay/Facebook

ဗြိတိန်နိုင်ငံရောက် မြန်မာအမျိုးသမီးသုံးဦးသည် (၃၄)နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် Challengeခေါ် ခေါင်းတုံးရိတ်၍ ရန်ပုံငွေ ကောက်ခံမှု ပြုလုပ်ခဲ့သည်။

ယနေ့ (သြဂုတ် ၇) တွင် ရန်ပုံငွေ စတာလင်ပေါင် တစ်သောင်းကျော် (ကျပ်သိန်း ၃၀၀ နီးပါး) ရရှိခဲ့ပြီး ရန်ပုံငွေများ အားလုံးကို စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒုက္ခအခက်အခဲများ ရင်ဆိုင်နေရသည့် မြို့ရွာများအတွက် လိုအပ်သည်များ ကူညီပေးရန် လှူဒါန်းသွားမည် ဖြစ်သည်။

“ဒီနေ့ Challenge ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးပေး လှူဒါန်းပေးကြသော ယူကေ တော်လှန်ရေး မောင်နှမများအားလုံးကို လေးစားကျေးဇူးအထူး တင်ပါတယ်။ ဒီနေ့ မလွင်တို့ စစ်ကိုင်းအတွက် ရန်ပုံငွေ အခုလက်ရှိထိ စတာလင်ပေါင် ၁သောင်း နဲနဲလေး စွန်းနေပါပြီ ငွေသားလှူထားသူများလည်း ရှိပါတယ်။ မအလလက်နက်ကိုင် အကြမ်းဖက်တစုရဲ့ ရက်စက် ယုတ်မာမှုတို့ကို တစ်နိုင်ငံလုံး အလူးအလှိမ့်ခံနေကြရဲ့ အထဲမှ ကွင်းပြောင်ပြောင်မှာ မဟားတရား ခံနေကြရတဲ့ စစ်ကိုင်းကို ယူကေက ဂတုံးပြောင်ပြောင်လေးများက အကုန်အရောက်ပို့ပေးသွားမှာပါ “ဟု ကတုံးရိတ်ရာတွင် ပါဝင်သူ သုံးဦးအနက် ပါဝင်သူတစ်ဦးဖြစ်သူ Andrew Mclay က လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံ - Andrew Mclay/Facebook
ဓာတ်ပုံ – Andrew Mclay/Facebook

“မိန်းမတို့ဘုန်း ဆံထုံး”ဟု စကားပုံရှိသော်လည်း ဆံပင်ကိုဖြတ်၍ တော်လှန်ရေး အတွက် ခရီးဆက် ရန်လှူဒါန်းသည့် အမျိုးသမီးများအား လေးစားဂုဏ်ယူ​မိကြောင်း လူမှုကွန်ရက်အသုံးပြုသူ တစ်ဦးကလည်း မှတ်ချက်ပြုရေးသား ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

Facebook