Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအောင်ပွဲ အမြန်ရရှိနိုင်ရေးလက်တွဲဆောင်ရွက်မည်ဟု NUGက ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့သို့ သဝဏ်လွှာပို့ ပြောကြား

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

(၇၄)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ဌာနချုပ်၌ ပြုလုပ်လုပ်နေစဥ်၊ ဓာတ်ပုံ - Kanbawza Tai News
(၇၄)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ဌာနချုပ်၌ ပြုလုပ်လုပ်နေစဥ်၊ ဓာတ်ပုံ - Kanbawza Tai News

ထိရောက်သောတော်လှန်ရေးကို ဖော်ဆောင်ရန် KNPP ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဩဂုတ် ၉ရက်) ကျရောက်သည့် (၇၄)နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားခဲ့သည်။

မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ဖဆပလတပ်များက ကရင်နီ ပြည်ထောင်စုကောင်စီ ရုံးစိုက်ရာ မန်းလား (မြလဲ) ရွာကို ၁၉၄၈ ဩဂုတ် ၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်လာခဲ့ရာ လွတ်လပ်သည့် ကရင်နီပြည် ပြန်လည်တည်ထောင်ရေးကို မျှော်မှန်း၍ ကရင်နီခေါင်းဆောင်များ သည် မြန်မာပြည် ဖဆပလ အစိုးရကို လက်နက်ကိုင်ခုခံတော်လှန်ရေးဖြင့် စတင်ဆင်နွဲခဲ့ကြောင်း၊ ယင်းနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေး နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။

ခုခံတော်လှန်စစ် ဆင်နွှဲလာခဲ့သည့် နှစ်ပေါင်း (၇၄) နှစ်အတွင်း ကရင်နီ အမျိုးသား ခေါင်းဆောင်၊ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားနှင့် ပြည်သူလူထု၏ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်ကို အမှတ်ရလျက် လေးစားဦးညွတ်အလေးပြုကြောင်း NUGက သဝဏ်လွှာပေးပို့သည်။

၂၀၂၁တွင် စစ်ကောင်စီက တိုင်းပြည်အာဏာသိမ်းရန် ကြိုးပမ်းမှုအပေါ် ကရင်နီတမျိုးသားလုံးနှင့် ကရင်နီတော်လှန်ရေးအင်အားစုများက လက်မခံဘဲ ဆန့်ကျင်တော်လှန်နေကြသည်ကို မြင်တွေ့ရ၍ များစွာဝမ်းမြောက်မိကြောင်း၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်နီအမျိုးသားခုခံ တော်လှန်ရေးအောင်ပွဲတို့ အမြန်ဆုံးရရှိနိုင်ရေးအတွက် ကရင်နီအမျိုးသားခုခံတော်လှန်ရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုသည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

ယနေ့ကျရောက်သည့် ကရင်နီ အမျိုးသားခုခံတော်လှန်ရေးနေ့သို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)ကလည်း သဝဏ်လွှာပေးပို့ရာ ခုခံတော်လှန်ရေး ပိုမိုအားကောင်းလာစေရန်နှင့် အမြန်ဆုံး အောင်မြင်နိုင် ရေးအတွက် ကရင်နီ အမျိုးသားထု တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားကို ဦးထိပ်ထားရန်လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်ရန် အထူးလိုအပ်ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေတွင် လူမှုရေး၊ နိုင်ငံရေးနှင့် စစ်ရေးအရ သွေးခွဲနေသည့် အချိန်အခါဖြစ်၍ တော်လှန်ရေး သတိ အမြဲရှိနေရမည်အချိန်ဖြစ်ကြောင်း KNPPက ဆိုသည်။

ယနေ့ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကြပ်အတည်းသည် အထွပ်အထိပ်သို့ ရောက်ရှိနေသည့် ကာလဖြစ်သကဲ့သို့ နိုင်ငံတွင် မကြုံစဖူးသော တော်လှန်ရေး စိတ်ဓာတ်အသစ်နှင့် ပူးပေါင်း ဆောင်ရွက်မှု အသစ်များကိုလည်း နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုး အသီးသီးများအကြား တွင် မြင်တွေ့နေရကြောင်း၊ သို့ဖြစ်၍ အခွင့်အရေးကို ထိထိမိမိ ဆုပ်ကိုင်ပြီး ပို၍ ထိရောက်မှုရှိသော တော်လှန်ရေး လက်နက်တစ်ခုအဖြစ် အသုံးပြုသွားနိုင်ရေး တော်လှန်ရေးကို ဦးဆောင်နေသော အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များတွင် တာဝန်ရှိကြောင်း KNPP၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

သို့မှသာ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်ရဲဘက်များ၏ ပေးဆပ်မှုသည် ထိုက်တန်သည့် အနစ်နာခံခြင်းဖြစ်ပေမည်ဟု KNPPက သဝဏ်လွှာပေးပို့ ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။