Connect with us

Hi, what are you looking for?

သတင်း

ဂျပန်တွင် ကရင်အာဇာနည်နေ့ အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Ko Sai Lin /Facebook
ဓာတ်ပုံ - Ko Sai Lin /Facebook

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် ယနေ့ (သြဂုတ် ၁၁) ဂျပန်ရောက် မြန်မာများ ဦးဆောင်၍ ကရင်အာဇာနည်နေ့ အခမ်းအနားနှင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီမှ ၂၀၂၃ အတွင်း ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား ကန့်ကွက်ခြင်း၊ စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးအား သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်းအပေါ် ရှူတ်ချခြင်းနှင့် မတရားဖမ်းဆီးခံထားကြရသော နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုအား နိုင်ငံတကာ UN/ICJ/ICC တို့မှ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်လည်း တောင်းဆိုဆန္ဒပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။