Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ဗျက်ကြီးရွာဘက်ရောက်လာသည့် ပျူစောထီးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ အသေအပျောက်များနိုင်ဟုဆို

“တာဝန်နှင့် ၀တ္တရားအရ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ရာ ပျူခွေးများထိခိုက်အကျအဆုံးများရှိပြီး မည်မျှသေဆုံးသည်ကို မသိရသေးပါ”ဟု K.P.K တပ်ဖွဲ့က ဆိုသည်။

(Guerrilla Warefare K.P.K အဖွဲ့မှ ရဲဘေယ်များအား တွေ့ရစဉ်)
(Guerrilla Warefare K.P.K အဖွဲ့မှ ရဲဘေယ်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း တန့်ဆည်နယ် ဗျက်ကြီးရွာဘက် ရောက်လာသည့် ပျူစောထီးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အသေအပျောက် များနိုင်ကြောင်း Guerrilla Warefare K.P.K အဖွဲ့က ယနေ့(သြဂုတ် ၁၁)ထုတ်ပြန်သည်။

ယနေ့ည ၈ နာရီခန့်တွင် နားဍောင်းကျရွာဘက်မှ ပျူစောထီးများ ဗျက်ကြီးရွာမြောက်ဘက်အပေါက်သို့ ၀င်လာစဉ် Guerrilla Warefare K.P.K ၊TSR ၊Taze Tiger ၊တပ်ရင်း ၁၀၊ တပ်ရင်း ၁၆ အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“တာဝန်နှင့် ၀တ္တရားအရ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ရာ ပျူခွေးများထိခိုက်အကျအဆုံးများရှိပြီး မည်မျှသေဆုံးသည်ကို မသိရသေးပါ”ဟု K.P.K တပ်ဖွဲ့က ဆိုသည်။

သြဂုတ် ၄ ရက် ညပိုင်းကလည်း ဗျက်ကြီးရွာသို့ဝိုင်းထားသော ပျူစောထီး်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်တပ်များက ၁ နာရီခွဲကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီးဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။