Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် ဗျက်ကြီးရွာဘက်ရောက်လာသည့် ပျူစောထီးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ အသေအပျောက်များနိုင်ဟုဆို

“တာဝန်နှင့် ၀တ္တရားအရ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ရာ ပျူခွေးများထိခိုက်အကျအဆုံးများရှိပြီး မည်မျှသေဆုံးသည်ကို မသိရသေးပါ”ဟု K.P.K တပ်ဖွဲ့က ဆိုသည်။

(Guerrilla Warefare K.P.K အဖွဲ့မှ ရဲဘေယ်များအား တွေ့ရစဉ်)
(Guerrilla Warefare K.P.K အဖွဲ့မှ ရဲဘေယ်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း တန့်ဆည်နယ် ဗျက်ကြီးရွာဘက် ရောက်လာသည့် ပျူစောထီးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အသေအပျောက် များနိုင်ကြောင်း Guerrilla Warefare K.P.K အဖွဲ့က ယနေ့(သြဂုတ် ၁၁)ထုတ်ပြန်သည်။

ယနေ့ည ၈ နာရီခန့်တွင် နားဍောင်းကျရွာဘက်မှ ပျူစောထီးများ ဗျက်ကြီးရွာမြောက်ဘက်အပေါက်သို့ ၀င်လာစဉ် Guerrilla Warefare K.P.K ၊TSR ၊Taze Tiger ၊တပ်ရင်း ၁၀၊ တပ်ရင်း ၁၆ အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“တာဝန်နှင့် ၀တ္တရားအရ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ရာ ပျူခွေးများထိခိုက်အကျအဆုံးများရှိပြီး မည်မျှသေဆုံးသည်ကို မသိရသေးပါ”ဟု K.P.K တပ်ဖွဲ့က ဆိုသည်။

သြဂုတ် ၄ ရက် ညပိုင်းကလည်း ဗျက်ကြီးရွာသို့ဝိုင်းထားသော ပျူစောထီး်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်တပ်များက ၁ နာရီခွဲကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီးဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။