Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ဒေသခံလေးဦးကို ထပ်မံသတ်ဖြတ်၊ နှစ်ပတ်အတွင်း ပြည်သူ ၁၄ဦးထက် မနည်း သတ်ဖြတ်

အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဩဂုတ်လ (၂)ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးနေပြီး ပြည်သူ (၁၄)ဦးထက်မန​ည်း သတ်ဖြတ်ထားကာ ပြည်သူ (၅၀)ကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်ကဖုတ္ထန်းတောရွာအတွင်း မီးရှို့မွေနှောက်ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - ပအဖ
အကြမ်းဖက်စစ်တပ်ကဖုတ္ထန်းတောရွာအတွင်း မီးရှို့မွေနှောက်ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - ပအဖ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောရွာတွင် စစ်ကောင်စီတပ်က အမျိုးသားလေးဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်နေပြီး ကျေးရွာများမှ ပြည်သူအချို့အားဖမ်းဆီးကာ ဖုတ္ထန်းတောရွာသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံထားရသူများအနက် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာမှ ၁ ဦး၊ ရွှေဘိုမြို့နယ် ရေကြည်ဝရွာမှ ၁ ဦးနှင့် ပေါက်ချိုင်ရွာမှ ၂ ဦး တို့ သတ်ဖြတ်ခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်ကဖုတ္ထန်းတောရွာအတွင်း မီးရှို့မွေနှောက်ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - ပအဖ
အကြမ်းဖက်စစ်တပ်ကဖုတ္ထန်းတောရွာအတွင်း မီးရှို့မွေနှောက်ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ – ပအဖ

ထို့အပြင် စစ်ကောင်စီတပ်က ‌ဖုတ္ထန်းတောရွာရှိ ဆိုင်ကယ်များအားမီးရှို့ဖျက်ဆီးသွားပြီး နေအိမ်များအတွင်း မွှေနှောက်ဖျက်ဆီးမှုများလည်း ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဩဂုတ်လ (၂)ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးနေပြီး ပြည်သူ (၁၄)ဦးထက်မန​ည်း သတ်ဖြတ်ထားကာ ပြည်သူ (၅၀)ကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“အဖမ်းခံရသူများအား ရေဦးမြို့ ဘောလုံးကွင်းအတွင်းမှာ ထားရှိကြောင်း သိထားရပါတယ်။

အကြမ်းဖက်စစ်တပ်ကဖုတ္ထန်းတောရွာအတွင်း မီးရှို့မွေနှောက်ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - ပအဖ
အကြမ်းဖက်စစ်တပ်ကဖုတ္ထန်းတောရွာအတွင်း မီးရှို့မွေနှောက်ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ – ပအဖ

ယနေ့စစ်ကြောင်းဟာ ဖုတ္ထန်းတောမှ ထွက်လာပြီး မူးအုန်းကျေးရွာနှင့် သရက်ကန်ကျေးရွာအနီးသို့ ရောက်ရှိနေတာမို့ ပြည်သူများဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်ပြည်သူများအား တတ်နိုင်သမျှ နီးစပ်ရာမှ အကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးသည်။

ရွာသားလေးဦးအား သတ်ဖြတ်သွားသော အကြမ်းဖက်စစ်ကြောင်းသည် အရာတော်နယ် ကောက်သစ်ရွာဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ပြီး ယခုအခါ ဒီပဲယင်းနယ် သရက်ကန်၊ မအုံးကြားမှ တိုက်ရွာဘက် ဦးတည်လျက်ရှိကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ နေအိမ်ပြန်ဝင်နိုင်ခြင်းမရှိသေးကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook