Connect with us

Hi, what are you looking for?

သတင်း

ဧည့်စာရင်းမကြာခဏ ဝင်စစ်လေ့ရှိသည့် မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက် ရာအိမ်မှူး ရှင်းလင်းခံရ

မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်သည် မကြာခဏ ဧည့်စာရင်းဝင်စစ်ခံရလေ့ရှိပြီး ယခု အသတ်ခံရသည့် ရာအိမ်မှူးဆိုသူလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

မြောက်ဥက္ကလာ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား သဲအိတ်များဖြင့် ကာနေ သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ -NOI
မြောက်ဥက္ကလာ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား သဲအိတ်များဖြင့် ကာနေ သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ -NOI

မီတာမဖြစ်မနေဆောင်ရန်နှင့် ဧည့်စာရင်းမကြာခဏ ဝင်စစ်လေ့ရှိသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်မှ ရာအိမ်မှူးသောင်းဒန် ပစ်သတ်ခံရကြောင် ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၂၀ ရက်) နံနက် ၁၁နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်ရှိ သုမာလာ (၈)လမ်း၊ မဟာအတုလဓမ္မာရုံရှေ့၌ ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“ခေါင်းကို ကျည်ထိတယ်ပြောတယ်။သူလည်း ရပ်ကွက်အုပ်ကြီး ထွန်းထွန်းဦးနောက်လိုက်ပဲ။ထွန်းထွန်းဦး သေနတ်ကိုင် ထားတယ်ဆိုပြီး လေကျယ်နေကြ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်သည် မကြာခဏ ဧည့်စာရင်းဝင်စစ်ခံရလေ့ရှိပြီး ယခု အသတ်ခံရသည့် ရာအိမ်မှူးဆိုသူလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ နောက်လိုက်အဖြစ် ပါဝင်နေသော အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအနေဖြင့် အချိန်မီနှုတ်ထွက်ကြရန် တော်လှန်ရေး အင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။

ယမန်နေ့ကလည်း ရွှေပြည်သာမြို့နယ်မှ စစ်ကောင်စီတပ်၏ဗိုလ်မှူးအဆင့်ရှိသူကို တိုင်တည်၍ ပြည်သူများကို မကြာမခဏခြိမ်းခြောက်လေ့ရှိသော ထ/၁၆ ရပ်ကွက် ရာအိမ်မှူး ဝင်းဇော်မှာ သေနတ်ဖြင့် ကိုးချက်ထက်မနည်း ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။