Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံဗိုလ်မှူးအိမ်ကို PDFများတိုက်ခိုက်၊ဗိုလ်မှူးဒဏ်ရာအပြင်းအထန်ရပြီးဗိုလ်မှုးကတော်သေဆုံး

“သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်” ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပခုက္ကူမြို့
ပခုက္ကူမြို့

ပခုက္ကူမြို့ ၊မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို ယနေ့နံနက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ဒဏ်ရာအပြင်းအထန်ရသွားပြီး ဗိုလ်မှုးကတော် သေဆုံးသွားကြောင်း Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံမှ တာဝန်ခံစစ်ကောင်စီတပ်မှဗိုလ်မှူး အောင်ဇော်ဦးအိမ်ကို ယနေ့(သြဂုတ်လ ၂၆ရက်) နံနက် ၆နာရီခန့်တွင် Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုတွင်ဗိုလ်မှူးအောင်ဇော်ဦးဒဏ်ရာအပြင်းအထန်ရသွားပြီး မိန်းမဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုသိရသည်။

“ဗိုလ်မှုးအိမ်ကို ဝင်စီးတာ။ ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။သူက ဒဏ်ရာပဲရသွားပေမယ့် သေလောက်တယ်” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကPeople’s Springသို့ ပြောသည်။

ဗိုလ်မှူး အောင်ဇော်ဦးသည် ၊မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ၊အမှတ် (၁၁) စက်ရုံ၏ တာဝန်ခံဖြစ်သည်။သူဦးဆောင်သည့် စက်ရုံတာဝန်ခံများက ယင်းစက်ရုံမှ CDM ဝန်ထမ်းများကို နှင်ထုတ်ခဲ့ဖူးသည်ဟုလည်း Young Forceက​ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်” ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို နံနက်စောစော တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မရောက်ခင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်ဆုတ်ခွာခဲ့သည်။ ထို့ပြင်း ယင်းစက်ရုံမှ ကားတစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းလာခဲ့​ကြောင်းသိ့ရသည်။

အခင်းဖြစ်ရာသို့ လူနာတင်ကား၂စီးနှင့် စစ်သား၊ရဲနှင့်ပျူများ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်