Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေ ပြန်လက်ခံသွားဖို့ ထိုင်းအစိုးရ စီစဉ်

အိမ်နီးချင်း နိုင်ငံတွေက ရွှေ့ပြောင်း လုပ်သားတွေကို ပြန်လည် လက်ခံပြီး အလုပ်လုပ်ခွင့် ပြုသွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံသုံးခုက ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် ပြန်လည် လက်ခံသွားမယ်လို့ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လေ့လာမှု စစ်တမ်းတွေအရ ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်တွေမှာ ရွှေ့ပြောင်းလုပ်သား ၄၂၄၇၀၃ ဦး လိုအပ်နေကြောင်း သိရပါတယ်။

အလုပ် ခန့်အပ်ရေး သုတေသန ဌာနက ပြုစုတဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံသား ၂၅၆၀၂၉ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား ၁၃၀၁၃၈ ဦးနဲ့ လာအို နိုင်ငံသား ၃၈၅၃၆ ဦးတို့ လစ်လပ်သွားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ရွှေ့ပြောင်း လုပ်သားတွေ လုပ်ကိုင်ခဲ့တာက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဟိုတယ်ဝန်ဆောင်မှုနဲ့ အထည်ချုပ် လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

ကပ်ရောဂါ ကာလအတွင်း ထိုင်းမှာ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်း တချို့ ရပ်ဆိုင်းခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေလည်း နေရပ်နိုင်ငံ ပြန်ခဲ့ကြရပါတယ်။ ဒီအတွက် လုပ်သားရင်းမြစ် ရှားပါး ပြတ်လပ်မှုတွေ ကြုံလာတာကြောင့် ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာရဲ့ ထိုင်းအစိုးရက အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အားထုတ်လာတာပါ။

ထိုင်းအစိုးရက ကျွမ်းကျင်အဆင့် လုပ်သားတွေ လုပ်ငန်းခွင် ပြန်ဝင်ရေး တွန်းအားပေးသွားမှာ ဖြစ်သလို ကျွမ်းကျင်မှု မပြည့်ဝသေးတဲ့ လုပ်သားတွေနဲ့ ပတ်သက်လို့လည်း လိုအပ်တဲ့ ကူညီ လမ်းညွှန်မှုတွေပေးဖို့ သက်ဆိုင်ရာ ဌာန အသီးသီးကို ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ပက ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည် လက်ခံချိန်မှာ အလုပ်လုပ်ခွင့် ပါမစ်ကိစ္စတွေ၊ ကျန်းမာရေး စစ်ဆေးမှုနဲ့ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စတွေ မြန်ဆန် ချောမွေ့အောင်လည်း မူဝါဒပိုင်းတွေ ပြန်လည် ညှိနှိုင်း ပြင်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းကို တရားဝင် ဝင်ရောက်လာမယ့် ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေဟာ မဖြစ်မနေ ကာကွယ်ဆေး ထိုးဖို့နဲ့ Quarantine ဝင်ဖို့ဆိုတဲ့ သတ်မှတ်ချက်တွေကို မပျက်မကွက် လိုက်နာရမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။