Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနှင့် စဥ့်ကူးရှိ ရွှေတောကုမ္ပဏီများ တော်လှန်ရေး တက်အားသရွေ့ပါဝင်ရန် မြို့နယ် PDFများ တောင်းဆို

လုပ်ငန်းရှင်များသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ အခွန်ပေးလုပ်ဆောင်နေသည်ကိုသိရှိပြီးဖြစ်ကြောင်း၊မိမိတို့တင်မြှောက်ထားခြင်းမရှိသော အကြမ်းဖက် စစ်ကောင်စီကို အခွန်ပေးထောက်ပံ့နေခြင်းအား မိမိတို့လွတ်မြောက်မှုမရခင် လျစ်လျူရှုထားခြင်းဖြစ်သည်ဟု သပိတ်ကျင်း PDFက ပြောသည်။

(စဥ့်ကူးနှင့် သပိတ်ကျင်း PDFများ စစ်ဆင်ရေးတစ်ခုမှအပြန် တွေ့ရစဥ်၊ဓာတ်ပုံ-TBK PDF)
(စဥ့်ကူးနှင့် သပိတ်ကျင်း PDFများ စစ်ဆင်ရေးတစ်ခုမှအပြန် တွေ့ရစဥ်၊ဓာတ်ပုံ-TBK PDF)

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများ အနေဖြင့် တော်လှန်ရေးတိုက်ပွဲတွင် တတ်အားသရွေ့ပါဝင်ရန် သပိတ်ကျင်းနှင့် စဥ့်ကူး PDFတို့က တောင်းဆိုသည်။

(၁၂၂၂) တပ်ရင်းသည် သပိတ်ကျင်းမြို့နယ် ၊စဥ့်ကူးမြို့နယ် အခြေပြုတပ်ရင်းဖြစ်ပြီးလွတ်မြောက်နယ်မြေပြန်ရရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မြို့နယ်နှစ်ခုအတွင်း လုပ်ကိုင်လျက်ရှိသောရွှေလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်PDFများကို လက်နက်ဝယ်ယူရေး အကူအညီပေးရန်တောင်းဆိုကြောင်း Thabeikkyin PDF နှင့် Singu PDF က ယနေ့ (သြဂုတ်၃၁ရက်) ထုတ်ပြန်သတိပေးသည်။

လုပ်ငန်းရှင်များသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ အခွန်ပေးလုပ်ဆောင်နေသည်ကိုသိရှိပြီးဖြစ်ကြောင်း၊မိမိတို့တင်မြှောက်ထားခြင်းမရှိသော အကြမ်းဖက် စစ်ကောင်စီကို အခွန်ပေးထောက်ပံ့နေခြင်းအား မိမိတို့လွတ်မြောက်မှုမရခင် လျစ်လျူရှုထားခြင်းဖြစ်သည်ဟု သပိတ်ကျင်း PDFက ပြောသည်။

၁၂၂၁ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “အာဏာမသိမ်းခင်က စဥ့်ကူးနဲ့သပိတ်ကျင်းမှာ ရွှေလုပ်ငန်းရှင်တွေရှိကြတယ်။ သက်တမ်းတွေကုန်နေကြပြီ။ အာဏာသိမ်းလိုက်တဲ့အချိန်မှာ အဲဒီသက်တမ်းတွေကို တရားဝင်လည်း ပြန်မတိုးဘဲနဲ့ ခုလက်ရှိအာဏာလုလိုက်တဲ့ စစ်ကောင်စီကို အခွန်အခပေးတယ်။ တစ်လကို ဆယ်သိန်းမျိုး ဆယ့်ငါးသိန်းမျိုး ပေးပြီးတော့မှ လုပ်နေကြတာ။ အဲဒီအနေအထားမှာ စစ်ကောင်စီကို မထောက်ပံ့ဘဲ PDF တွေကို ထောက်ပံ့ဖို့ မျှော်လင့်ထားတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

၁၂၂၁တပ်ရင်းသည် စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်အခြေပြု ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

စီးပွားရေးတစ်ခုတည်းကိုသာကြည့်ကာ တော်လှန်ရေးကို နေသာသလိုနေပြီးရသလိုလုပ်ဆောင်နေကြသော ကုမ္ပဏီများကို မြို့နယ်PDFများ၏တော်လှန်ရေးတိုက်ပွဲတွင်တက်အားသရွေ့မပါဝင်လာပါက စီးပွားရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးခြင်းများ ရရှိခံစားရမည်ဟု Thabeikkyin PDF နှင့် Singu PDF အဖွဲ့များက သတိပေးသည်။

သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ်သည်သဘာဝသယံဇာတ ရွှေသတ္တု တူးဖော်ရေးများကို အဓိကထားလုပ်ကိုင်သည့် မြို့နယ်များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။