Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မြို့ သေနတ်ပစ်ကွင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဟုဆို

ဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၃၁ ရက်) ည ၁၁ နာရီခန့်တွင် သန်လျင်မြို့ စစ်ပင်ကွင်းရွာ၏ တောင်ဘက်တွင်ရှိသော သေနတ်ပစ်ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ခဲ့သည်ဆိုသော စစ်ပင်ကွင်းကျေးရွာအဝင် ဆိုင်းဘုတ်အား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ခဲ့သည်ဆိုသော စစ်ပင်ကွင်းကျေးရွာအဝင် ဆိုင်းဘုတ်အား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ သေနတ်ပစ်ကွင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ် Thanlyin Channel က ယနေ့(စက်တင်ဘာ ၁ ရက်) ထုတ်ပြန် သည်။

ဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၃၁ ရက်) ည ၁၁ နာရီခန့်တွင် သန်လျင်မြို့ စစ်ပင်ကွင်းရွာ၏ တောင်ဘက်တွင်ရှိသော သေနတ်ပစ်ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“အစောင့် စခ ၂ယောက်က စခ ၆ ကောင်ကို ပစ်သတ်သွားတယ်။ အဲဒီသေနတ်ပစ်ကွင်းနားမှာ သန်လျင်ရေတပ်က တက(တပ်ကြပ်) ဇော်မိုးဦး တဲရှိတယ်။ သူ့မိန်းမနဲ့ သမီးအကြီးပါပစ်သတ်သွားတယ်။ ကလေးတစ်ယောက်ဒဏ်ရာရ။ နောက်ကလေးတစ်ယောက်ပျောက်နေတယ်။ တပ်ကြပ် ဇော်မိုးဦးဒဏ်ရာရတယ်။ အလောင်းတွေလာသယ်သွားတယ်တဲ့” ဟု ဒေသခံပြည်သူများက ပြောကြားချက်ကို ကိုးကား၍ Thanlyin Channel က ဖော်ပြသည်။

လက်ရှိတွင် သန်လျင်မြို့နယ် ခြောက်လမ်းသွားလမ်းဆုံနှင့် ကုလာဝဲတံတား အတက်၊အဆင်း များကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အခု တင်ကျွန်တော့်ကား ဖြတ်တာ သန်လျင်တံတားကို ပိတ်ထားလို့ ပေးမသွားဘူး။စစ်ဆေး ပြီး ပြန်လှည့်ခိုင်းတယ်”ဟု သန်လျင်မြို့နယ် မင်းကျောင်းရပ်ကွက် နေသူတစ်ဦးက လူထုနွေဦးသို့ နံနက် ၁၀ နာရီခန့်တွင် ပြောသည်။

ထို့အပြင် သန်လျင်တံတားအဆင်း တိုင်ရင်းသားကျေးရွာအရှေ့၌လည်း အင်အားအပြည့်​ဖြင့် ပိတ်ဆို့စစ်မှုရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုကို လူထုနွေဦးအနေဖြင့် ထပ်မံအတည်ပြုနိုင်ရန် ဒေသခံများနှင့် ဆက်သွယ်နေဆဲ ဖြစ်သည်။

လက်ရှိ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မော်တော်ယာဥ် စုစုပေါင်း ၁၅ စီးခန့်ဖြင့် ကင်းလှည့်သွားလာနေသည်ဟု Thanlyin Channel က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။