Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ် ရမ်းပစ်၍ စစ်ဘေးရှောင် လူငယ်တစ်ဦးသေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းတွင် မြစ်သာကျေးရွာကို ပစ်ခတ်ဝင်ရောက်သွားကြောင်း သိရသည်။

(ယမန်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇီးကျွန်းရွာ၌ သေဆုံးခဲ့သူတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(ယမန်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇီးကျွန်းရွာ၌ သေဆုံးခဲ့သူတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ယမန်နေ့ညက စစ်ဘေးရှောင်ပြည်သူများအား စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

​ယမန်နေ့ (သြဂုတ်၃၁ရက်) ည၁၁နာရီခန့်က ကျောက်ရစ်ရွာမှ (၁၅၀)ခန့်‌ပါသော စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရာ ဇီးကျွန်းရွာနှင့်သနပ်ကုန်းရွာအကြား၊ သနပ်ကုန်းကျေးရွာတောင်ဘက်ရေကျော်အနီးတွင် သနပ်ကုန်းကျေးရွာရှိ စစ်ရှောင်ပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများအနက် အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဗိုလ်တောက်ထွန်း MBTTအဖွဲ့က ပြောသည်။

ဗိုလ်တောက်ထွန်း MBTTက “တစ်ဦးက မျက်လုံးထိခိုက်ဒဏ်ရာနဲ့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။‌ သေဆုံးသူကတော့ မောင်နေစန်းဦး(၁၉)နှစ် လို့သိရပါတယ်။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းတွင် မြစ်သာကျေးရွာကို ပစ်ခတ်ဝင်ရောက်သွားကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် နံနက် ၁၁ နာရီခန့်တွင် ကျောက်ရစ်အနောက်ရွာအနောက်ဘက်မှတိုက်ပွဲမရှိဘဲ (၆၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဇီးကျွန်းကျေးရွာဘက်သို့ ကျရောက်ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။