Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင်စစ်အုပ်စုနှင့်ပျူပေါင်း၍ ​နေအိမ်နှစ်အိမ်ကို အနုကြမ်းစီးရွှေ (၃၀)ကျပ်သားနှင့် သိန်း (၁၇၀)ကျော်လုယက်သွားဟုမြို့နယ် ပကဖ ​ပြော

“ပစ်ခံရတဲ့ပြည်သူက ဆေးကုနေတယ်ခင်ဗျ။ ရွှေငွေရှိထားတာ သတင်းရလို့ ခုလိုအနုကြမ်းစီးလုယက်တာ ဖြစ်မယ် ထင်တယ်ဗျ”ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

(​လောင်းလုံမြို့နယ်နှင့် အနီးဝန်းကျင်ရှိမြိူ့များကိုGoogle Mapတွင်​တွေ့ရပုံ)
(​လောင်းလုံမြို့နယ်နှင့် အနီးဝန်းကျင်ရှိမြိူ့များကိုGoogle Mapတွင်​တွေ့ရပုံ)

တနသ်ာရီတိုင်း လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ငွေကြေးချမ်းသာသည့် နေအိမ်နှစ်လုံးကို စစ်​ကောင်စီတပ်နှင့် ပျူများ​ပေါင်း၍ လက်နက်ပြခြိမ်းခြောက်၍ ရွှေငွေနှင့် တန်ဖိုးရှိပစ္စည်းများအနုကြမ်းစီးယူ​​ဆောင်သွားကြောင်းလောင်းလုံး(ပကဖ)ကယနေ့ (စက်တင်ဘာ ၁)ရက်တွင်ထုတ်ပြန်သည်။

သြဂုတ် ၃၁ ရက်ည ၁၀ နာရီကျော်ကစစ်အုပ်စုမှတပ်ရင်းမှူး (G1)၊ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများအပါအဝင် ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ဆိုသူနှင့် အဖွဲ့သည် ဆိုင်ကယ်ခြောက်စီး၊ကားတစ်စီးဖြင့်လောင်းလုံးနယ်ညောင်ပြင်ကျေးရွာမှနေအိမ်တစ်အိမ်ကိုစီးနင်းလုယက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝင်ရောက်စီးနင်းစဥ် ပြည်သူပိုင်ပစ္စည်းများဖြစ်သော ရွှေ (၃၀)ကျပ်သားနှင့် ကျပ်သိန်း (၁၇၀)ကျော်ကို အိမ်ရှင်များထံမှ ခြိမ်းခြောက်ယူ​ဆောင်ကာ အနုကြမ်းစီးသွားသည်ဟု​လောင်းလုံပကဖက ​ဖော်ပြထားသည်။

အလားတူ ယမနေ့ညပိုင်း၌ပင် သဘော့ဆိပ်ကျေးရွာအုပ်စု ပြင်ကြီးရွာ(ရှိုင်သာယာ)မှ ပျူစောထီးခေါင်းဆောင်ဟောင်း ဇော်မျိုးဦးဆိုသူ၏ဇနီး မမီးဝေအား သဘော့ဆိပ်ပျူခေါင်းဆောင် ဦးလေးလေး၏တပည့် ကပ္ပလီဝင်းဇော်ဦးဆိုသူက ဦးခေါင်းအား သေနတ်ဖြင့်တေ့ပြီး ရွှေငွေများထုတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပျူစောထီးဆိုသူများက မမီးဝေအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း လောင်းလုံး(ပကဖ)မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“ပစ်ခံရတဲ့ပြည်သူက ဆေးကုနေတယ်ခင်ဗျ။ ရွှေငွေရှိထားတာ သတင်းရလို့ ခုလိုအနုကြမ်းစီးလုယက်တာ ဖြစ်မယ် ထင်တယ်ဗျ”ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

စစ်အုပ်စု၏ အထက်ပါလုပ်ရပ်များမှာ ပြည်သူများထံအ ကြမ်းဖက်ဓါးပြတိုက် လူသတ်မှုဖြင့်အကြောက်တရားအားရိုက်သွင်းကာ တစ်ဖက်တွင်လည်း PDF နှင့် ပြည်သူများသွေးကွဲအောင်ပြုလုပ်နေကြခြင်းဖြစ်သည်ဟု လောင်းလုံး(ပကဖ)က သုံးသပ်ထားသည်။

ထို့ကြောင့် လောင်းလုံးမြို့နယ်ရှိ မိဘပြည်သူများအတက်နိုင်ဆုံး လုံခြုံသည့်နေရာများတွင် နေပေးရန်နှင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများကိုလုံခြုံစွာသိမ်းဆည်းထားရှိရန်အကြံပြုတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook