Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်မြို့နယ်ရှိ မန်းနီးငါးဂိမ်းဆိုင်အားမြို့ပြ​​ပြောက်ကျားတပ်ဖွဲ့ကဖောက်ခွဲတိုက်ခိုက်

သြဂုတ် ၃၁ ရက်က ပြည်ကြီးတံခွန်မြို့နယ် ၆၃ အေလမ်း၊ ၁၃၃ × ၁၃၄ လမ်းရှိ မန်းနီး ငါးဂိမ်းဆိုင်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

(ပြည်ကြီးတံခွန်မြို့နယ်နှင့် မန္တ​​လေးမြို့ကို Google Map တွင်​တွေ့ရမှု)
(ပြည်ကြီးတံခွန်မြို့နယ်နှင့် မန္တ​​လေးမြို့ကို Google Map တွင်​တွေ့ရမှု)

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မန်းနီး ငါးဂိမ်းဆိုင်အား ဗုံးတစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းပြောက်ကျားတပ်ဖွဲ့ Generation Z Power (Mandalay)က ယနေ့(စက်တင် ဘာ ၃)တွင် ထုတ် ပြန်သည်။

သြဂုတ် ၃၁ ရက်က ပြည်ကြီးတံခွန်မြို့နယ် ၆၃ အေလမ်း၊ ၁၃၃ × ၁၃၄ လမ်းရှိ မန်းနီး ငါးဂိမ်းဆိုင်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်များရောက်လာချိန်ကို စောင့်ဆိုင်း၍ ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ပြည်သူများရောက်ရှိလာခြင်းကြောင့် ပဒေသာမိုင်းတစ်လုံးသာ ဖောက်ခွဲနိုင်ခဲ့သည်ဟု လည်းအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ရှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အ ထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သို့​သော် ​ဒေသခံအချို့၏ အဆိုပါငါးဂိမ်းဆိုင်​​​ပေါက်ကွဲမှုမှာ ယမန်​နေ့ည ၈ နာရီ​ဝန်းကျင်တွင်ဖြစ်ပြီး ၊​ပေါက်ကွဲမှုပြင်းထန်၍ အနီးရှိပြည်သူများသိ့ရှိလိုက်ကြပြီး ၊​နောက်တစ်လုံး​ပေါက်ကွဲမှုမှာ ယ​နေ့နံနက်ပိုင်းတွင်းမှ စစ်​ကောင်စီတပ်ကမိုင်းရှင်းလင်းသဖြင့်​ပေါက်ကွဲသည်ဟုသာသိထားပြီး ​ပေါက်ကွဲမှုနှစ်ကြိမ်စလုံးတွင် လူထိခိုက်မှုမရှိ​ကြောင်း​ပြောသည်။

“ညပိုင်း စကစတွေ လာကြည့်တယ် မပေါက်သေးတာကျန်သေးတယ် မနက်မှလာရှင်းမယ်ပြောပြီး ပြန်သွားကြတယ်။

မနက်ပိုင်း ကျတော့သဲအိတ်တွေကာပြီး ၂လုံးထင်တယ် ခွဲလိုက်တယ်အသံက တသံတည်း။မနက်ပေါက်ကွဲမှုက အိမ် ဝင်းနံရံပြိုတယ် အိမ်ခေါင်တခုပေါ်သဲအိတ်ကျလို့ပျက်စီးတယ်၊အနီးနားက ကားမှန် လည်းကွဲတယ်လို့သိရပါတယ်”ဟု ပြည်သူတစ်ဦးက​ပြောသည်။

အထက်ပါစစ်ဆင်​ရေးကို Generation Z Power -GZP ( Mandalay)၊ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ( M.R.T.F + B.R.A ) Revolutionary Army၊ Truth Keeping Force (T.K.F)တပ်ဖွဲ့တို့ ပူး​ပေါင်း၍တိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ပြည်သူတွေရဲ့ နေအိမ်နေရာကိုကျူးကျော်ဆိုပြီး ဘူဒိူဇာနဲ့ထိုး သိမ်းယူခဲ့တဲ့ မြေနေရာတွေကို စစ်တပ်က ဂရမ်မြေချပြီး ပြန်လည် ရောင်းစားနေရာ ပေ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း၂၀,၀၀၀ အနိမ့်ဆုံး ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့မန္တလေးမြို့၊ပြည်ကြီး‌‌တံခွန်မြို့နယ်က ကမ္ဘောဇဘဏ် နေ့ခင်းကြောင် တောင်ဓားပြတိုက်ခံပြီး ကျပ်သိန်းနှစ်ထောင် ကျော်ပါသွားတယ်လို့မြို့ခံ တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ရပ်ကွက်အလိုက်ကင်းစောင့်ခိုင်းကာ မစောင့်နိုင်တဲ့ အိမ်တွေက တလ ၁၅၀၀၀ကျပ် လုံခြုံရေးကြေးပေးရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဆင်ခြေဖုံးရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။