Connect with us

Hi, what are you looking for?

သတင်း

တောင်ကြအင်းတံတားမှာ တပ်ဆွဲထားတဲ့စစ်တပ်ကို S.O.F အဖွဲ့ကအနီးကပ်ဝင်တိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးဟာ ဂိတ်ချထားတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့ SOF က ဆိုပါတယ်။

တောင်ကြအင်းတံတားမှာ တပ်ဆွဲထားတဲ့စစ်တပ်ကို S.O.F အဖွဲ့ကအနီးကပ်ဝင်တိုက်
တောင်ကြအင်းတံတားမှာ တပ်ဆွဲထားတဲ့စစ်တပ်ကို S.O.F အဖွဲ့ကအနီးကပ်ဝင်တိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းတံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က မနေ့က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သုံးဦး သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က ကျေးလက်စစ်ဆင်ရေးတိုက်ပွဲအနေနဲ့ စက်တင်ဘာလေးရက် နေ့လည်ပိုင်းက ကော့ကရိတ်မြို့နယ် တောင်ကြာအင်းတံတား(ဟောင်သရောတံတား)ထိပ်မှာရှိတဲ့ လုံခြုံရေးအကြောင်းပြပြီး မတရားဖမ်းဆီးငွေတောင်းခံတာတွေပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးဟာ ဂိတ်ချထားတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့ SOF က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအပြီးမှာ တပ်ဖွဲ့ဝင်တွေအားလုံး အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) က အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။