Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကြအင်းတံတားမှာ တပ်ဆွဲထားတဲ့စစ်တပ်ကို S.O.F အဖွဲ့ကအနီးကပ်ဝင်တိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးဟာ ဂိတ်ချထားတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့ SOF က ဆိုပါတယ်။

တောင်ကြအင်းတံတားမှာ တပ်ဆွဲထားတဲ့စစ်တပ်ကို S.O.F အဖွဲ့ကအနီးကပ်ဝင်တိုက်
တောင်ကြအင်းတံတားမှာ တပ်ဆွဲထားတဲ့စစ်တပ်ကို S.O.F အဖွဲ့ကအနီးကပ်ဝင်တိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းတံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က မနေ့က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သုံးဦး သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က ကျေးလက်စစ်ဆင်ရေးတိုက်ပွဲအနေနဲ့ စက်တင်ဘာလေးရက် နေ့လည်ပိုင်းက ကော့ကရိတ်မြို့နယ် တောင်ကြာအင်းတံတား(ဟောင်သရောတံတား)ထိပ်မှာရှိတဲ့ လုံခြုံရေးအကြောင်းပြပြီး မတရားဖမ်းဆီးငွေတောင်းခံတာတွေပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးဟာ ဂိတ်ချထားတဲ့နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့ SOF က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအပြီးမှာ တပ်ဖွဲ့ဝင်တွေအားလုံး အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) က အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။