Connect with us

Hi, what are you looking for?

ဗီဒီယို

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးရင် မြန်မာနိုင်ငံ ထပ်မလာဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

ကုလသမဂ္ဂက လူဦးရေရဲ့ လေးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၁၄.၄ သန်းလောက်ဟာ ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခွင့် မရဘူးဆိုရင် မြန်မာနိုင်ငံကို နောက်တစ်ခါ ပြန်မလာတော့ဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောကြားသွားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခံထားရတဲ့ ဟေဇာဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ဗိုလ်ချုပ်တွေနဲ့သာ တွေ့ဆုံခွင့် ရခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တော့ မရခဲ့ပါဘူး။

ဟေဇာက မြန်မာနိုင်ငံရဲ့ ဘေးမကင်းတဲ့ အခြေအနေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ တရိပ်ရိပ် တိုးလာနိုင်ကြောင်း သတိပေးခဲ့ပြီး လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်ဖို့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ပိုမို အလေးထား ဆောင်ရွက်သင့်ကြောင်း သတိပေးသွားပါတယ်။

စင်ကာပူမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာတော့ ဟေဇာက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ပြည်သူလူထုရဲ့ လိုလားမှု၊ လိုအပ်မှုနဲ့ လျော်ညီတဲ့ အရပ်သား အစိုးရဆီ ထိထိရောက်ရောက်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာ ပြန်လွှဲအပ်ပေးဖို့ ကုလသမဂ္ဂက ကျယ်ကျယ်ပြန့်ပြန့် အားထုတ်နေမှုတွေရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဟေဇာဟာ စစ်ကောင်စီဖက်ကရော၊ NUG အစိုးရပါ တစ်ဖက်ကို ပိုယိမ်းတဲ့ သဘောထား ဆန္ဒမျိုး ရှိနေကြောင်း စွပ်စွဲမှုတွေ ခံနေရပါတယ်။ ဟေဇာကတော့ သူ့အလုပ်တာဝန်ရဲ့ သဘော သဘာဝကိုက မြန်မာ့ နိုင်ငံရေးနဲ့ ဆက်စပ်သူ အားလုံးကို ထိတွေ့ ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုတဲ့အခါ မင်းအောင်လှိုင်က နောင်တစ်ချိန်ကျရင် ဒီကိစ္စမျိုး ဖြစ်လာနိုင်ခြေ ရှိပါတယ် ဆိုပြီး တုံ့ပြန်ပေမယ့် ခွင့်မပြုခဲ့ကြောင်း၊ အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ တခြား အခြေအနေတွေအတွက် အရမ်းစိုးရိမ်မိကြောင်း၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တွေ စီရင် ချမှတ်တဲ့ အပေါ်မှာလည်း ရှုတ်ချကြောင်း ဟေဇာက ဆိုပါတယ်။

တကယ်လို့ မြန်မာနိုင်ငံကို နောက်တစ်ခါ သွားဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ပြုမယ်ဆိုတာ သေချာမှသာ ဖြစ်လာလိမ့်မယ်လို့လည်း သူက ယတိပြတ် ဆိုပါတယ်။ ဟေဇာက သူ့အနေနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဘေးကင်းကင်းနဲ့ ပို့ဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံတို့ ပူးပေါင်းပြီး ဖြစ်နိုင်ခြေ ရှိသမျှ လမ်းကြောင်းတိုင်းကနေ ချဉ်းကပ် ဆောင်ရွက်ဖို့လည်း အင်တိုက်အားတိုက် ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂက လူဦးရေရဲ့ လေးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၁၄.၄ သန်းလောက်ဟာ ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။