Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိပြီးတစ်ဦး ခြေလက်များပြတ်၍သေဆုံး၊ ၃ဦးဒဏ်ရာရ

ယနေ့(စက်တင်ဘာလ ၉ ရက်နေ့)နံနက်၆နာရီခွဲခန့်ကစစ်ကောင်စီတပ်သည် အရာတော်မှကားကြီးနှစ်စီးဖြင့်ရှမ်းလည်ချောင်းရွာသို့လာ​ရောက်၍တဲနှစ်တဲကိုမီးရှို့ဖျက်ဆီးခဲ့သည်။

(သိမ်းဆည်းရမိသော ကျည်ဘောက်၊ အရေးပေါ်ဆေးထိုးထားသော ဆေးအိတ်ခွံများ။ ။ ဓါတ်ပုံ-CJ)
(သိမ်းဆည်းရမိသော ကျည်ဘောက်၊ အရေးပေါ်ဆေးထိုးထားသော ဆေးအိတ်ခွံများ။ ။ ဓါတ်ပုံ-CJ)

▪︎ဆေးကုသနေစဥ် အဝေးပစ်လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာခြေပြတ်လက်ပြတ်များဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးအပြင်းထန် ဒဏ်ရာရသွားကြောင်း မြောက်ပိုင်းညီနောင်များ မဟာမိတ်တော်လှန်ရေးအင်အားစု(NBARS)ကသတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာလ ၉ ရက်နေ့)နံနက်၆နာရီခွဲခန့်ကစစ်ကောင်စီတပ်သည် အရာတော်မှကားကြီးနှစ်စီးဖြင့်ရှမ်းလည်ချောင်းရွာသို့လာ​ရောက်၍တဲနှစ်တဲကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ထို​နောက်နောင်ကြီးအိုင်ဘက်သို့ ‌‌ခြေလျင်စစ်ကြောင်းရွှေ့လာသော စစ်တပ်လမ်းကြောင်းကို တောလမ်းတစ်နေရာအရောက်တွင် ပကဖ နှင့် NBARS -မြောက်ပိုင်းညီ‌နောင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြေပြတ်လက်ပြတ်များဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးအပြင်းထန် ဒဏ်ရာရကာ တောထဲတွင်အရေးပေါ် ဆေးကုသမှု ပြုလုပ်ခဲ့ရကြောင်းအသိ​ပေးထားသည်။

“NBARS နဲ့ ကျွန်တော်တို့ ပကဖ တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ”ဟု အရာတော်မြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုသို့ဆေးကုနေစဉ် မုံရွာခရိုင်ရင်း(၆)နှင့်ပူးပေါင်းကာ အဝေးပစ်လက်နက်ကြီးများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သောကြောင့် ညအမှောင်ချိန်ရောက်မှ နောင်ကြီးအိုင်ခြံထဲသို့ ဝင်ရောက်သွားကြောင်း NBARSက အသိပေးသည်။

လက်ရှိတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်မှာနောင်ကြီးအိုင်ရဲစခန်းတွင်းသို့ ဝင်ရောက်တပ်စွဲ ထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်