Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က စိန်ပြောင်းဖြင့်ပစ်၍ ဝက်လက်နယ်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီး

ယမန်နေ့(စက်တင်ဘာ ၉ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့နယ် ချောင်းဆုံကျေးရွာမှ အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် ရင်းမကန်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

(၆၀)မမ စိန်ပြောင်း ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် တစ်လုံးကို တွေ့ရစဉ် ၊ဓာတ်ပုံ-ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
(၆၀)မမ စိန်ပြောင်း ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် တစ်လုံးကို တွေ့ရစဉ် ၊ဓာတ်ပုံ-ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

▪️ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင် စီတပ်က ဖွတ်လိုင်းကျေးရွာကို (၆၀)မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်အချို့ မီးလောင်ပျက် စီးခဲ့ပြီး ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၉ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့နယ် ချောင်းဆုံကျေးရွာမှ အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် ရင်းမကန်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သည် ရင်းမကန်ကျေးရွာမှ အနောက်ဘက် ဖွတ်လိုင်း ကျေးရွာသို့ (၆၀)မမ စိန်ပြောင်းဖြင့် ပစ်ခတ်ရာနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက် ကွဲ၍ မီးစွဲပြီး ကျေးရွာပြည်သူနေအိမ်များ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

(၆၀)မမ စိန်ပြောင်း ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် တစ်လုံးကို တွေ့ရစဉ် ၊ဓာတ်ပုံ-ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
(၆၀)မမ စိန်ပြောင်း ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် တစ်လုံးကို တွေ့ရစဉ် ၊ဓာတ်ပုံ-ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

အဆိုပါဖြစ်စဥ်မတိုင်ခင် ချောင်းဆုံကျေးရွာကို ရောက်ရှိနေသော စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်ကို ရွှေဘိုခရိုင် တပ်ရင်း(၅) တပ်ခွဲ – ၁က ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် နမခ မှ တက်လာသော Mi 35 တစ်စီးသည် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် ရွှေဘိုမြို့နယ် ပေါက်တုံကျေးရွာနှင့် ဝက်လက်မြို့နယ် ရင်းမကန် ကျေးရွာ ၊ ဖွတ်လိုင်းကျေးရွာတို့၌ ပစ်ခတ်ခဲ့သဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေသတွင်း PDFများက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဖွတ်လိုင်းကျေးရွာရှိ ဒေသခံပြည်သူတစ်ဦး ခြေထောက်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးသည်။

(၆၀)မမ စိန်ပြောင်း ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် တစ်လုံးကို တွေ့ရစဉ် ၊ဓာတ်ပုံ-ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး
(၆၀)မမ စိန်ပြောင်း ပစ်ခတ်ရာတွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် တစ်လုံးကို တွေ့ရစဉ် ၊ဓာတ်ပုံ-ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ည၇နာရီ ၁၀မိနစ်ခန့်တွင် ချောင်းဆုံကျေးရွာမှ စစ်ကောင်စီတပ်များသည် ရွှေဘိုဘက်သို့ အိမ်စီးကား နှစ်စီးဖြင့် ပြန်ထွက်လာခဲ့သည်။ ထိုကားနှစ်စီးအား ချောင်းဆုံနှင့် ပေါက်တုံကျေးရွာအရောက်တွင် ရွှေဘိုခရိုင် တပ်ရင်း (၅)၊ တပ်ခွဲ -၁ မိုင်းတပ်စိတ်နှင့် ဒေသခံကာကွယ်ရေး(ပကဖ) များ ပူးပေါင်းကာ ပဒေသာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်နှစ်စီး ထိမှန်ခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။