Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ် အင်းမထီးရွာသားများအပြင်ထွက်ပါက PDFကသတ်မည်ဟု စစ်အုပ်စု ခြိမ်းခြောက်ထိန်းချုပ်ထား

အင်းမထီးကျေးရွာသည် စစ်ကောင်စီတပ် အထိုင် ချထားပြီး ပျူစောထီး အားကောင်းသည့်ရွာဖြစ် ၍ ပျူရွာအ​ဖြစ် နာမည်ကြီးသည်။

ပုလဲနယ်
ပုလဲနယ်

စသ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများက ဒေသခံများ ရွာအပြင်ထွက်ပါက PDFက သတ်ဖြတ်လိမ့်မည်ဟု ခြိမ်းခြောက်ထားပြီး အရပ်သားများကို နည်းမျိုးစုံထိန်းချုပ်ထားသည်ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်များက ပြောသည်။

အင်းမထီးကျေးရွာသည် စစ်ကောင်စီတပ် အထိုင် ချထားပြီး ပျူစောထီး အားကောင်းသည့်ရွာဖြစ် ၍ ပျူရွာအ​ဖြစ် နာမည်ကြီးသည်။

သို့သော် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ​ဒေသခံများလည်း အများအပြားရှိနေပြီး ယင်းဒေသခံများသည် စစ်ကောင်စီနှင့်ပျူစောထီးများက ခြိမ်းခြောက်ထား၍ ကျေးရွာအတွင်း ပိတ်မိနေသည်။

” ပိတ်မိနေတာတွေရှိတယ်။ ထွက်ပြေးလာသူတွေလည်း ရှိတယ်။ကျန်နေတဲ့ ပြည်သူတွေကို မှိုင်းသွင်းထားတာက ထွက်တာနဲ့ PDF တွေကသတ်မှာဆိုပြီး မှိုင်းတိုက်ထားတယ်”ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၆)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပိတ်မိနေသည့် ဒေသခံများ အခြေအနေပေးသည် နှင့်တပြိုင်နက် ထွက်လာခဲ့ရန်နှင့် စစ်ကောင်စီနှင့်ပျူစောထီးများ မှိုင်းတိုက်ထားသလို အန္တရာယ် ပြုမည်မဟုတ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

အင်မထီးရွာမှ ပျုစောထီးများသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းဖြင့် လိုက်ပါကာ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ အကြမ်းဖက် မွှေနှောက်နေသည်။

စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ခန့်သည် စက်တင်ဘာ ၉ရက်က လှော်ကားနှင့်တနယ် ကျေးရွာ ဝင်ရောက်ကာ ဒေသခံများ​၏ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များကို လှည်း ၃၇စီးဖြင့် သယ်ထုတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တနယ်ရွာမှ အမျိုးသားတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။