Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ သုံးနာရီကျော်ကြာ တိုက်၊ စစ်တပ်ဘက်ကထိခိုက်ကျဆုံးမှုရှိဟုဆို

အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရှိခဲ့ပြီး တိုက်ပွဲကတော့ ဒီကနေ့ညနေ သုံးနာရီခွဲခန့်မှာ ငြိမ်သက်သွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

(ယနေ့ တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲနေသော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ယနေ့ တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲနေသော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

မြ၀တီ-ဝေါ်လေ လမ်းပိုင်းပေါ်က မြွေသုံးကောင်နဲ့ သဲဖြူချောင်းဂိတ်အနီး နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ကြား သုံးနာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျ ဆုံးမှုတွေရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ(၁၂)ရက် နေ့လည်(၁၂)နာရီအချိန်ခန့်မှာ မြ၀တီ-ဝေါ်လေ လမ်းပိုင်းရဲ့ မြွေသုံးကောင်နဲ့ သဲဖြူချောင်းဂိတ်အနီး တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရှိခဲ့ပြီး တိုက်ပွဲကတော့ ဒီကနေ့ညနေ သုံးနာရီခွဲခန့်မှာ ငြိမ်သက်သွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးဘုရားကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က ဒီကနေ့မနက်အစောပိုင်းကနေစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က နေရာယူထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။